DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင်တို့ ဆေးရုံမှဆင်း
DVB
·
August 24, 2021
စစ်အာဏာရှင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင်တို့ ဆေးရုံမှဆင်း
Donate to DVB

မြန်မာနိုင်ငံရဲ့ ကာလကြာရှည် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ သူ့ဇနီး ဒေါ်ကြိုင်ကြိုင်တို့နှစ်ဦးစလုံး ကိုဗစ်-၁၉ ကို ကုသခံယူ နေပြန်ကောင်းသွားတဲ့အတွက်  နေပြည်တော်ရဲ့ ဆေးရုံကနေ ပြန်ဆင်းလာပြီလို့ ဆေးရုံတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အသက် ၈၈ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီးဟောင်းနဲ့ ဇနီးဒေါ်ကြိုင်ကြိုင်တို့ကို နေပြည်တော်ရှိ သိုက်ချောင်းစစ်ဆေးရုံကနေ သောကြာနေ့က ဆင်းခွင့်ပြုလိုက်တာလို့ အမည်မဖော်လိုတဲ့ ဆေးရုံ တာဝန်ရှိပုဂ္ဂိုလ်ကအေပီသတင်းကို ပြောဆိုတာပါ။

ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေကို ခုလအစောပိုင်းက ဆေးရုံတင်လိုက်ရပြီး သိပ်မကြာခင်မှာပဲ သူ့ဇနီး ‌ဒေါ်ကြိုင်ကြိုင်လည်း ဆေးရုံတက်ရတာကြောင့် သူတို့နှစ်ဦးလုံးကို လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ဆေးရုံရဲ့ VIP အခန်းတစ်ခုမှာ ကုသပေးခဲ့တာပါ။ 

အစိုးရပိုင်းကတော့ သူတို့ကိစ္စတွေကို တရားဝင်မှတ်ချက် မပေးပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ ဒလ်တာမျိုးကွဲကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး လှိုင်းအသစ်နဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ သူတို့ရဲ့ ဆေးရုံတက်ရောက်မှုဟာ ကြိုတင်ကာကွယ်မှု တခု ဖြစ်တယ်လို့ အစောပိုင်းတုန်းက လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ 

ဒါပေမဲ့ ဆေးရုံတာဝန်ရှိသူက သူတို့နှစ်ဦးစလုံးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာကို အတည်ပြုခဲ့ပေမဲ့ နှစ်ဦးစလုံးဟာ ရောဂါလက္ခဏာ အနည်းငယ်သာပြခဲ့တယ်လို့ ဆိုပါတယ်။ 

ဥပမာအားဖြင့် သူတို့ကို ကုသနေချိန်မှာ သူတို့အသက်ရှူဖို့ အကူဖြစ်မယ့် အောက်ဆီဂျင်တောင် မလိုအပ်ခဲ့ဘူးလို့ ပြောပါတယ်။ သူတို့ဟာ ဆေးရုံကနေ ပြန်ဆင်းလာကတည်းက ဆရာဝန်တွေရဲ့ စစ်ဆေးမှုကိုခံရပြီး ကျန်းမာဖို့ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။ 

ဩဂုတ် ၂၃ ရက်က ကိုဗစ်ကူးစက်ခံ ၂,၁၈၆ ခုနဲ့ နောက်ထပ် ၁၂၅ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီဖက်က အစီရင်ခံထားပြီး မြန်မာနိုင်ငံမှာ စုစုပေါင်း ရောဂါဖြစ်ပွားသူ ၃၇၅,၈၇၁ ဦး နဲ့ သေဆုံးသူ ၁၄,၄၉၉ ဦး ရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့ တရားဝင်ကိန်းဂဏန်းတွေဟာ ဆိုးရွားညံ့ဖျင်းတဲ့ စမ်းသပ်စစ်ဆေးမှုနဲ့ ထုတ်ပြန်မှုတွေကြောင့် လက်တွေ့အခြေအနေထက် သိသိသာသာကို နည်းပါးနေတယ်လို့ အတော်များများက ယုံကြည်ကြပါတယ်။ 

သြဂုတ်လအစောပိုင်းက မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ တစ်ဦးချင်း သေဆုံးနှုန်း အမြင့်ဆုံးရှိပေမယ့် တရားဝင်ကိန်းဂဏန်းတွေအရ တဖြည်းဖြည်း ကျဆင်းနေပြီး အခုခါ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်း အပါအ၀င် တခြားနိုင်ငံတွေထက်တောင် နည်းပါးနေပါတယ်။

PHOTO-REUTERS

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013