DVB Logo
Home
မြန်မာသတင်း
ရခိုင်စစ်ရှောင်စခန်းက အသက် ၆၅ နှစ်အထက်ရှိသူများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် စီစဥ်နေ
DVB
·
August 24, 2021
ရခိုင်စစ်ရှောင်စခန်းက အသက် ၆၅ နှစ်အထက်ရှိသူများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် စီစဥ်နေ
Donate to DVB

ရခိုင်ပြည်နယ် စစ်ဘေးရှောင်စခန်းတွေမှာရှိတဲ့ အသက် ၆၅ နှစ်နဲ့အထက်ရှိသူတွေကို ထိုးနှံပေးဖို့ မြို့နယ်ကျန်းမာရေးဌာနတွေက လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ အသက် ၆၅ နှစ်နဲ့အထက် ဘိုးဘွားများအပါအဝင် လူပေါင်း ၉၀၀၀၀ ကျော်ကို ​သြဂုတ်လ ၁ ရက်နေ့ကစတင်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး အခု စစ်ဘေးရှောင်စခန်းတွေကို ထိုးပေးဖို့ စီစဉ်နေတာပါ။ 

ပြည်နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “အခုကတော့ ၉၄၀၀၀ ကျော်ထိုးထားပါတယ်။ အုပ်စု ၁၂ ခု သတ်မှတ်တာပေါ့။ အသက် ၁၅ နှစ်တွေလည်းပါတယ်၊ နိုင်ငံဝန်ထမ်းတွေလည်းပါတယ်၊ ဘော်လန်တီယာတွေလည်းပါတယ်၊ စျေးရောင်းတဲ့သူတွေလည်းပါတယ်။ အဲတော့ အုပ်စု ၁၂ ခုလို့ သတ်မှတ်တယ်၊ ဒါပေမဲ့အုပ်စု ၁၂ ခုကို ဆေးမလောက်ဘူး။ မလောက်တဲ့အတွက် ရခိုင်ပြည်နယ်က တိုင်းမှူးဆိုတဲ့သူက ၅ ခုလို့ သတ်မှတ်ပေးတယ်။ အဲတော့ ၆၅ နှစ်အထက်ပြီးရင် သက်ကြီးဝါကြီး ဘုန်ကြီးတွေပေါ့နော်၊ အဲဒီလိုမျိုး  ၅ ခုလို့သတ်မှတ်တယ်။ ဒါပေမဲ့အောက်ခြေမှာတော့ မြို့နယ်မှာရှိတဲ့ မြို့နယ်အုပ်ချုပ်နဲ့ မြို့နယ်ကျန်းမာကရွေးချယ်ပြီးတော့ ထိုးပေးတာပေါ့။ ကျနော်တို့မှာ အသက် ၆၅ နှစ်အထက်ဆိုတဲ့ဟာမှာ စစ်ဘေးရှောင်စခန်းက အုပ်စုတွေလည်းပါတယ်၊ အသက် ၆၅ နှစ်အထက်ကို မြို့နယ်က ဦးစားပေးပြီးတော့ထိုးပေးနေတယ်၊ အခုနောက်ပိုင်းမှာလည်း စခန်းတွေကို ဦးစားပေးပြီးတော့ ထိုးပေးဖို့ စီစဥ်နေတယ်လို့ ပြောသံကြားတယ်” လို့ ပြောပါတယ်။

ရခိုင်မှာ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးထားသူ ၁၂၀၀၀၀ ကျော်ရှိပြီး အခုထပ်မံပြီး တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ၉ သောင်းကျော် ထိုးနှံပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်သူတွေအနေနဲ့ ဘယ်နိုင်ငံကထုတ်တဲ့ ကာကွယ်ဆေးကိုမဆို မဖြစ်မနေထိုးကြဖို့နဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံထားသူတွေဟာ ကိုဗစ်ကူးစက်ခံရပါကလည်း အသက်အန္တရာယ်ကြုံတွေ့ရမှုနည်းပါးတာကြောင့် မဖြစ်မနေထိုးကြဖို့ ရခိုင့်တပ်တော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တိုက်တွန်းပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013