DVB Logo
Home
မြန်မာသတင်း
စစ်တပ်ပိုင်အထည်ချုပ်စက်ရုံကို လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့က အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်
DVB
·
August 24, 2021
စစ်တပ်ပိုင်အထည်ချုပ်စက်ရုံကို လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့က အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်
Donate to DVB

ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ဘီအိုစီအနီး၊ စနေမလမ်းထိပ်က စစ်ကောင်စီတပ်တွေပ်စွဲထားတဲ့ စစ်တပ်ပိုင်အထည်ချုပ်စက်ရုံကို လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့(CGF)က                                   သြဂုတ် ၂၃ ရက် ည ၁၀ နာရီမှာ  အဝေးထိန်းဗုံးနဲ့ ဖေါက်ခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား  အနည်းဆုံး ၂  ယောက် ပြင်းထန်စွာ ထိခိုက်မှုရှိခဲ့တယ်လို့  CGF က ထုတ်ပြန်ပါတယ်။ 

ပေါက်ကွဲမှုအပြီးမှာ  ကင်းတဲက  စစ်သားတွေက ချက်ချင်း ပြန်လည်ပစ်ခတ်ခဲ့ပြီး စက်ရုံအထဲက စစ်သားတွေကလည်း ပြေးထွက်ကာ လိုက်လံပစ်ခတ်ခဲ့ပေမဲ့ CGF ဘက်က ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ ဖောက်ခွဲ တိုက်ခိုက်မှုဟာ သြဂုတ် ၂၃ ရက် မနက်ပိုင်းက   ဖြစ်ပွားခဲ့တဲ့ သမိုင်းမြို့သစ် အကြမ်းဖက်ပစ်ခတ်မှုအတွက် လက်တုံ့ပြန်မှု တခု ဖြစ်တယ်လို့ CGF က ထုတ်ပြန်ထားပါတယ်။ 

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး CGF တာဝန်ရှိသူတစ်ဦးက "သေဆုံးမှုရှိမရှိတော့ ကျနော်တို့လည်း အတည်ပြုလို့မရပါဘူး၊ ပေါက်ကွဲမှု အပြီး နှစ်ယောက်လဲကျပြီး မထနိုင်တာတော့ တွေ့ရပါတယ်။''လို့ပါတယ်။ 

ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့ညမှာလည်း CGF အဖွဲ့က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ၅ ထိပ် ရဲစခန်းကို ည ၇ နာရီကျော်လောက်က အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လှိုင်သာယာမှာ လူငယ်တော်တော်များများကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးမှုများလာတဲ့အတွက် အခုလို ပြောက်ကျားတပ်ဖွဲ့ ဖွဲ့စည်းပြီး တုံ့ပြန်ခဲ့တာဖြစ်ပြီး ဒီဖောက်ခွဲရေးက  ၃ ကြိမ်မြောက် ဖြစ်တယ်လို့သိရပါတယ်။ 

ပြောက်ကျားတပ်တွေအနေနဲ့  စစ်ကောင်စီအကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ဖို့အတွက် အထောက်အပံ့တွေ  အလှူငွေတွေလိုအပ်နေပေမဲ့ လူထုအထင်လွဲမှာ ကြောက်တာကြောင့်  မကောက်ရဲဘူးလို့ လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့(CGF)က  ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013