မန္တလေးမြို့ခံ ဂရပ်ဖစ်တီပညာရှင်တစ်ဦးက 3 Fingers တော်လှန်ရေးပန်းချီကို သြဂုတ် ၂၃ ရက်က ရေးဆွဲခဲ့ပါတယ်။
မန္တလေးမြို့ခံ ဂရပ်ဖစ်တီပညာရှင်ဦးက “အရေးတော်ပုံအကြောင်း ခံစားရေးဆွဲဖြစ်တာပါ၊ ကျနော်တို့ တွေးမိတာကို ပုံဖော်ရေးဆွဲလိုက်ရင် အခြားသူတွေ ခံစားမရမှာကို ဆိုးတဲ့အတွက် ပြည်သူအကုန်လုံးသိနေတဲ့ 3 Fingers ကို ရေးဆွဲဖြစ်သွားတာပါ” လို့ ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ မှောင်မိုက်နေချိန် ပြည်သူတွေ PDF တွေ အရေးတော်ပုံအောင်နိုင်ဖို့ ကြိုးစားလုပ်နေသူတွေကို ကိုယ်စားပြုထားတဲ့ လင်းလက်တဲ့ ကြယ်တွေက အမှောင်ကိုဖြိုခွင်းဖို့ ကြိုးစားနေကြတာကို 3 Fingers နဲ့ ပုံဖော်ရေးဆွဲထားတာပါ။
3 Fingers တော်လှန်ရေးပန်းချီကားဟာ ၁၄ လက်မ × ၁၈ လက်မ အရွယ်ရှိပြီး Street Art အမျိုးအစား ပုံဖော်ရေးဆွဲခဲ့တာပါ။
အဲဒီဂရပ်ဖစ်တီပညာရှင်ဟာ မန္တလေးမြို့ ဘူတာကြီးမှာ ပြုလုပ်ခဲ့တဲ့ ၂၂၂၂၂ လူထု အရေးတော်ပုံလှုပ်ရှားမှုမှာလည်း Street Art ဂရပ်ဖစ်တီရေးဆွဲကာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။