DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့ခံ ဂရပ်ဖစ်တီပညာရှင်က 3 Fingers တော်လှန်ရေးပန်းချီ ရေးဆွဲ
DVB
·
August 24, 2021
မန္တလေးမြို့ခံ ဂရပ်ဖစ်တီပညာရှင်က 3 Fingers တော်လှန်ရေးပန်းချီ ရေးဆွဲ
1 / 7
Donate to DVB

မန္တလေးမြို့ခံ ဂရပ်ဖစ်တီပညာရှင်တစ်ဦးက 3 Fingers တော်လှန်ရေးပန်းချီကို သြဂုတ် ၂၃ ရက်က ရေးဆွဲခဲ့ပါတယ်။

မန္တလေးမြို့ခံ ဂရပ်ဖစ်တီပညာရှင်ဦးက “အရေးတော်ပုံအကြောင်း ခံစားရေးဆွဲဖြစ်တာပါ၊ ကျနော်တို့ တွေးမိတာကို ပုံဖော်ရေးဆွဲလိုက်ရင် အခြားသူတွေ ခံစားမရမှာကို ဆိုးတဲ့အတွက် ပြည်သူအကုန်လုံးသိနေတဲ့ 3 Fingers ကို ရေးဆွဲဖြစ်သွားတာပါ” လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ မှောင်မိုက်နေချိန် ပြည်သူတွေ PDF တွေ အရေးတော်ပုံအောင်နိုင်ဖို့ ကြိုးစားလုပ်နေသူတွေကို ကိုယ်စားပြုထားတဲ့ လင်းလက်တဲ့ ကြယ်တွေက အမှောင်ကိုဖြိုခွင်းဖို့ ကြိုးစားနေကြတာကို 3 Fingers နဲ့ ပုံဖော်ရေးဆွဲထားတာပါ။

3 Fingers တော်လှန်ရေးပန်းချီကားဟာ ၁၄ လက်မ × ၁၈ လက်မ အရွယ်ရှိပြီး Street Art အမျိုးအစား ပုံဖော်ရေးဆွဲခဲ့တာပါ။

အဲဒီဂရပ်ဖစ်တီပညာရှင်ဟာ မန္တလေးမြို့ ဘူတာကြီးမှာ ပြုလုပ်ခဲ့တဲ့ ၂၂၂၂၂ လူထု အရေးတော်ပုံလှုပ်ရှားမှုမှာလည်း Street Art ဂရပ်ဖစ်တီရေးဆွဲကာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013