DVB Logo
Home
မြန်မာသတင်း
မန္တလေးခရိုင်တွင် တစ်ရက်တည်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၂၂ ဦး ရှိ
DVB
·
August 24, 2021
မန္တလေးခရိုင်တွင် တစ်ရက်တည်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၂၂ ဦး ရှိ
Donate to DVB

မန္တလေးခရိုင်အတွင်း သြဂုတ် ၂၃ ရက် တစ်ရက်တည်းမှာ ကိုဗစ်-၁၉ ရောဂါနဲ့  သေဆုံးသူ ၂၂ ဦး ရှိတယ်လို့ မြို့ခံလူမှုကူညီရေးအသင်းကနေ သိရပါတယ်။ 

''မနေ့က တစ်ရက်ထဲ ၂၀ လောက် သေတယ်၊ ဒီနေ့ သေဆုံးသူ ၂၀ကျော်မယ်၊ အရင်လထက်စာရင်တော့ သေဆုံးတဲ့ နှုန်းလျော့သွားတယ် '' လို့ မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောတယ်။  

မန္တလေးဆေးရုံကြီးရင်ခွဲရုံမှ ကိုဗစ်လူနာ ၁၁ ဦး၊ မြို့တော်ဆေးရုံမှ ကိုဗစ်လူနာ ၂ ဦး၊ မင်္ဂလာဆေးရုံမှ ကိုဗစ်လူနာ ၁ ဦး၊ အိုးဝေဟော်တယ်ကျူးစင်တာမှ ကိုဗစ်လူနာ ၁ ဦး၊ နန်းတွင်းဆေးရုံမှ သံသယလူနာ ၁ ဦး၊ အရပ်ထဲမှာ ကိုဗစ်လူနာ ၆ ဦး စုစုပေါင်း ၂၂ဦး သေဆုံးခဲ့တာပါ။ 

ဖော်ပြပါ ကိုဗစ်ကြောင့် သေဆုံးသူ စာရင်းဟာ မန္တလေးမြို့ခံပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့ အချက်အလက်တွေသာဖြစ်ပါတယ်။ 

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့  သြဂုတ် ၂၃ ရက် ထုတ်ပြန်ချက်မှာတော့  မန္တလေးခရိုင်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၅ ဦး ရှိပြီး ကိုဗစ်လူနာ ၄ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

မန္တလေးခရိုင်မှ ကိုဗစ်ကြောင့် ဇူလိုင်လက နေ့စဉ် အယောက်  ၈၀ လောက် သေဆုံးခဲ့ပေမဲ့ သြဂုတ်လမှစတင်ကာ တဖြည်းဖြည်း လျော့နည်းလာခဲ့ရာ သြဂုတ် တတိယအပတ်မှတော့ နေ့စဉ်  အယောက် ၂၀ ကျော် သေဆုံးတာ တွေ့ရပါတယ်။  

သေဆုံးသူအများစုက အသက်အရွယ်ကြီးသူတွေ ရောဂါအခံရှိသူတွေ ဖြစ်ပြီး ဆေးခန်းမပြသနိုင်တာ၊ ဆေးဝါးအခက်အခဲ၊ အောက်ဆီဂျင်အခက်အခဲတွေနဲ့ သေဆုံးကြတာပါ။  

လက်ရှိ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၀ မြို့နယ်ကို Stay At Home သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013