DVB Logo
Home
မြန်မာသတင်း
ဆေးတက္ကသိုလ်(၁) Online Campus ဘွဲ့ကြိုကျောင်းသားများ ထပ်မံခေါ်ယူ
DVB
·
August 23, 2021
ဆေးတက္ကသိုလ်(၁) Online Campus  ဘွဲ့ကြိုကျောင်းသားများ ထပ်မံခေါ်ယူ
Donate to DVB

ရန်ကုန်ဆေးတက္ကသိုလ်(၁)ယာယီတက္ကသိုလ်ကောင်စီက ကြားကာလပညာရေးအစီအစဉ်  Online Campus မှာ တက်ရောက်ဖို့ ဘွဲ့ကြိုကျောင်းသားတွေ ထပ်မံခေါ်ယူနေပါတယ်။

ဆေးတက္ကသိုလ် (၁) ရန်ကုန် ယာယီတက္ကသိုလ်ကောင်စီအနေနဲ့ ပထမတကြိမ်မှာ လာရောက်စာရင်းသွင်းကြသူတွေထဲက ပညာရေးမူကြမ်းပါ အချက်အလက်တွေနဲ့ ကိုက် ညီသူတွေကို စိစစ်လက်ခံခဲ့ပြီး Foundation Year ကနေ House Officer အတန်းအထိ Online Campus မှာ တက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူဦးရေ ၂၁၁၉ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

ခုတခါကတော့ စာရင်းမပေးသွင်းရသေးတဲ့ ဘွဲ့ကြိုကျောင်းသားကျောင်းသူတွေ အတွက် Registration form တွေ ထပ်မံလက်ခံနေတာကြောင့် ပထမတကြိမ်တုန်းက အ ကြောင်းအမျိုးမျိုးကြောင့်စာရင်းမပေးသွင်းလိုက်ရတဲ့ ကျောင်းသားကျောင်းသူတွေ အနေနဲ့ ဩဂုတ် ၂၃ ရက်က စတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကာ ၂၈ ရက်နေ့ နောက်ဆုံးထား စာရင်းသွင်းရမယ်လို့ ဆိုပါတယ်။

လက်ရှိ UM-1 Online Campus မှာတော့ Integrated Course on COVID-19 ကို သင်ကြားပို့ချနေပြီး ကျောင်းသားကျောင်းသူတွေအတွက် သင့်တော်တဲ့ ကြားကာလ ပညာရေးအစီအစဉ်တွေကိုလည်း ဆက်လက် စီစဉ်ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၆ လခွဲကျော်ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဖက်ဖက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့တဲ့ မေ ၅ ရက်နေ့မှာ မြန်မာတနိုင်ငံလုံးက တက္ကသိုလ်တွေပြန်ဖွင့်ဖို့ ညွှန်ကြားခဲ့ပေမဲ့  ဒေသအသီးသီးက တက္ကသိုလ်တွေဟာ ယာယီတက္ကသိုလ်ကောင်စီတွေ ဖွဲ့စည်းပြီး ကိုယ်ပိုင်အုပ်ချုပ်မယ်ဆိုတဲ့ ကြေညာချက်တွေ ဆက်တိုက်ထုတ်ပြန်ထားခဲ့ကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် စစ်ကောင်စီအမိန့်ကို နာခံဖွင့်လှစ်ထားတဲ့ တက္ကသိုလ်တွေ၊ စာသင်ကျောင်းတွေကိုပါ ပိတ်ထားရတဲ့အပြင် ပိုးတွေ့နှုန်းများတဲ့ မြို့နယ်ပေါင်း ၁၀၀ ကျော်ကိုပါ Stay At Home အမိန့် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013