DVB Logo
Home
မြန်မာသတင်း
သူရိယနေ၀န်းဂျာနယ်ကိစ္စ ဆောင်ရွက်ရန် စာနယ်ဇင်းကောင်စီကို အစိုးရတိုက်တွန်း
DVB
·
December 12, 2013
သူရိယနေ၀န်းဂျာနယ်ကိစ္စ ဆောင်ရွက်ရန် စာနယ်ဇင်းကောင်စီကို အစိုးရတိုက်တွန်း
Donate to DVB

သူရိယနေ၀န်းဂျာနယ်ဟာ စာနယ်ဇင်းကျင့်ဝတ်ကို ဆန့်ကျင်ရေးသားနေကြောင်းနဲ့ ဒီလိုရေးသားဖော်ပြနေတဲ့အပေါ် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပေးဖို့ အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာနက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ထံ အကြောင်းကြားလိုက်ပါတယ်။

A soldier from the Kachin Independence Army puts on his shoes as he and his comrade cross a stream towards the front line in Laizaသူရိယနေ၀န်းဂျာနယ်ဟာ သတင်းဂျာနယ်အင်္ဂါရပ်နဲ့ ညီညွတ်မှုမရှိတဲ့ ပုဂ္ဂိုလ်ရေး ထိုးနှက်ချက်တွေ၊ အစိုးရကို ထိခိုက်စေတဲ့ ရေးသားဖော်ပြချက်တွေ ဖော်ပြနေတယ်၊ စာနယ်ဇင်းကျင့်ဝတ်နဲ့ ဆန့်ကျင်နေတဲ့ ဒီဂျာနယ်ကို လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပေးပါလို့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

ဒီအကြောင်းကြားစာကို ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားတာဖြစ်ပြီး  စာနယ်ဇင်းကောင်စီကတော့ ဒီအကြောင်းကြားစာ ရောက်မလာသေးလို့ ဘယ်လို ဆက်လက်ဆောင်ရွက်ရမယ်ဆိုတာ မပြောနိုင်သေးဘူးလို့ ကောင်စီအတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောပါတယ်။

ဒီ့မတိုင်မီကလည်း ဂျာနယ်တွေမှာ လောင်းကစားနဲ့ မလုံတလုံဝတ်စားဆင်ယဉ်မှုတွေ ဖော်ပြတဲ့ကိစ္စ ညှိနှိုင်းပေးဖို့ အကြောင်းကြားလာလို့ ညှိနှိုင်း လုပ်ဆောင်ပေးခဲ့ဖူးတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့က တချို့ဟာတွေကို ကောင်စီမှာ အစည်းအဝေးခေါ်တယ်။ ခေါ်ပြီးတော့ အားလုံး ဖြတ်တယ်၊ ဘယ်ကိစ္စကို အကြောင်းကြားမယ်၊ ဘယ်ဟာကို အကြောင်းမကြားဘူးပေါ့နော်။ သက်ဆိုင်ရာ ထုတ်ဝေသူကို ခင်ဗျားတို့နဲ့ ပတ်သက်ပြီး ပြန်ကြားရေးကတော ဒီလို ဒီလို ပြောကြားထားတယ်ဆိုတာမျိုးကို ပြောပါတယ်။ ခင်ဗျားတို့ဘက်က နောင်ဒီလို အပြောမခံရအောင် နည်းနည်း ကြည့်ပြီးဖော်ပြဖို့ နှစ်သိမ့်တာ၊ ဆွေးနွေးတာ၊ တိုင်ပင်တာ၊ ဒါပဲ လုပ်ပါတယ်ခင်ဗျ။”

အပတ်စဉ်ထုတ်ဂျာနယ်တွေထဲမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ ဖော်ပြနေတဲ့ ဂျာနယ်တချို့ ရှိနေတာနဲ့ ပတ်သက်ပြီး အုပ်စုလိုက် တိုက်ခိုက်တာတွေ လုပ်နေကြတယ်လို့လည်း သုံးသပ်ပြောပါတယ်။

စာနယ်ဇင်းကောင်စီအတွင်းရေးမှူး ဦးကျော်မင်းဆွေက “ကျနော်တဦးချင်း အယူအဆ ပေါ့။ စာနယ်စင်းကောင်စီ အယူအဆမဟုတ်ပါဘူး။ တချို့က ပတ်သက်ရာ ပတ်သက်ကြောင်းတွေ များနေတယ်။ အာဏာပိုင်နဲ့ ချိတ်ဆက်နေတယ်။ တကယ့် ခရိုနီနဲ့လည်း ချိတ်ဆက်နေတယ်။ နောက် အာဏာပိုင်မှာ တကယ့်ထိပ်တန်း တာဝန်ရှိသူတွေရဲ့ သားတွေက ထုတ်နေတာတွေပေါ့။ အဲဒီတော့ ဒါတွေက ပါဝါမနိုင် ၂ ဆောင်ပြိုင်တွေ ၀င်လာတဲ့အခါမှာ သူတို့က မီဒီယာလောကို သတင်းနားလည်ပြီးတော့ သတင်းလောကနဲ့ တိုင်းပြည်အကျိုးပြုမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၀င်လာတယ်လို့ မထင်ပါဘူး။ သူတို့အချင်းချင်း အုပ်စုတွေရှိတယ်။ နောက် စီပွားရေးဆိုရင် စီးပွားရေးအုပ်စုတွေရှိတယ်။ ခရိုနီမှာလည်း သူ့အုပ်စုနဲ့သူ အာဏာပိုင်မှာလည်း သူ့အုပ်စုနဲ့သူ အဲဒီ အုပ်စုအချင်းချင်း တယောက်နဲ့ တယောက် အပုပ်ချဖို့အတွက် ထွက်လာတယ်လို့ ကျနော်က ယူဆတယ်။ နောက်တခုက စာနယ်ဇင်းလောက သတင်းမီဒီယာ လောကမှာ လွတ်လပ်ခွင့်မထိန်းချုပ်ဘဲ ဒီလို ပရမ်းပတာ ရေးတယ်ဆိုတဲ့ ပုံစံတခု ဖန်တီးချင်လို့ မြန်မာသတင်းသမားတွေနဲ့ သတင်းလွတ်လပ်ခွင်နဲ့ မထိုက်တန်သေးဘူးလို့ ဒီလို ပရမ်းပတာလုပ်ရပ်တွေ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေနဲ့ နာမည်ဖျက်ဖို့ ကြိုးစားတယ်လို့ ကျနော် ထင်မိပါတယ်” လို့ ပြောပါတယ်။

သူရိယနေ၀န်းဂျာနယ်နဲ့ ပတ်သက်ပြီး မြန်မာဂျာနယ်လစ်ကွန်ရက်ကလည်း အလားတူ သဘောထားမှတ်ချက်မျိုး ထုတ်ပြန်ခဲ့ဖူးပါတယ်။
အဲ့ဒီတုန်းက ဂျာနယ်အယ်ဒီတာချုပ် ဦးမိုးဟိန်းက “​အာ​ဏာ​ရှင်​တွေ​နဲ့ ​ခ​ရို​နီ​တွေ​ရဲ့ ​ဩ​ဇာ​က​ရော၊ ​ကျ​နော့်​ကို ​ပြော​တဲ့ ​ပု​ဂ္ဂိုလ်​တွေ​က​ရော ​ကင်း​လွတ်​ရဲ့​လား​။ ​သူ​တို့ကို ​ကိုယ်​စား​ပြု​ပြီး ​ကျ​နော့်​ကို ​မေး​နေ​တာ​လား​ဆို​တာ ​မေး​မယ်။ ​သူ​ရိ​ယ ​အ​လင်း​နဲ့ ​သူ​ရိ​ယ​နေ၀န်း​သည် ​က​မ္ဘာ့​စာ​နယ်​ဇင်း​၊ ​အ​မေ​ရိ​ကန်​တို့လို၊ ​အ​င်္ဂ​လန်​တို့လို ​ဒီ​မို​က​ရေ​စီ ​နိုင်​ငံ​ကြီး​တွေ​မှာ ​ရှိ​တဲ့ ​စာ​နယ်​ဇင်း ​ကျင့်​၀တ်​ကို​ပဲ ​ကျ​နော်​တို့ ​စံ​လုပ်​ထား​တယ်။ ​ကျ​နော်​တို့ ​မြန်​မာ​ပြည်​မှာ​လည်း ​ဒီ​မို​က​ရေ​စီ ​ရ​တဲ့ ​တ​နေ့မှာ ​မြန်​မာ​ပြည်​ရဲ့ ​စာ​နယ်​ဇင်း​ကျင့်​၀တ်​သည် ​က​မ္ဘာ့​စာ​နယ်​ဇင်း ​ကျင့်​၀တ်​နဲ့ ​တ​သား​တည်း ​ဖြစ်​စေ​ရ​မယ်။ ​အဲ​ဒီ​မ​တိုင်​ခင် ​စပ်​ကြား​ကာ​လ​မှာ ​ကျ​နော်​တို့ကို ​သူ​တို့တိုင်း​ချင်​တဲ့ ​ပေ​တံ​နဲ့ ​လာ​ပြီး​တိုင်း​လို့ ရှိ​ရင်​တော့ ​ကျ​နော်​တို့ ဘက်​က​နေ ​ဒါ​ကို ​အ​သိ​အ​မှတ်​မ​ပြုနိုင်​ဘူး​ဗျ” လို့ တုံ့ပြန်ခဲ့ဖူးပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အကြောင်းကြားစာမှာ ဂျာနယ်ထုတ်ဝေသူများ လိုက်နာရန် စံနှုန်းထားများ၊ စာနယ်ဇင်းကောင်စီက ထုတ်ပြန်ထားတဲ့ စာနယ်ဇင်းကျင့်ဝတ်တွေကိုလည်း  ပူးတွဲ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013