DVB Logo
Home
မြန်မာသတင်း
လွတ်မြောက် နိုင်ငံရေးအကျဉ်းသား ၂ ဦး ပြန်ဖမ်းခံရ
DVB
·
December 12, 2013
လွတ်မြောက် နိုင်ငံရေးအကျဉ်းသား ၂ ဦး ပြန်ဖမ်းခံရ
Donate to DVB

သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့က ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၄၁ ဦးထဲက ၂ ဦးကို သူတို့ ရင်ဆိုင်ဖို့ အမှုတွေ ရှိသေးတဲ့အတွက် ပြန်လည် ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ရပြီး  ပြန်လည်ဖမ်းဆီးခံရသူတွေကတော့  ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြခေါင်းဆောင် ဦးထင်ကျော်၊  တောင်သူလယ်သမားအရေးနဲ့ ကမ္ဘာအလုပ်သမား အဖွဲ့ချုပ် အိုင်အယ်လ်အိုနဲ့ ဆက်သွယ်ဆောင်ရွက်သူ ဦးအေးသိန်းတို့ ဖြစ်ပါတယ်။

[caption id="attachment_21575" align="alignright" width="300"]ကိုထင်ကျော် ကိုထင်ကျော်[/caption]

ဦးထင်ကျော်ဟာ  ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေကို ချိုးဖောက်မှု ပုဒ်မ ၁၈ နဲ့  အမှုပေါင်း ၁၁ မှုအတွက်  ထောင်ဒဏ်စုစုပေါင်း ၂ နှစ်ခွဲလောက် ပြစ်ဒဏ်တွေ ချမှတ်ခံထားရ တာပါ။

ဦးထင်ကျော်ဟာ ဒီဇင်ဘာ ၁၁ ရက်နေ့က သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပေမယ့်  မြောက်ဥက္ကလာပမြို့နယ်က စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (ခ) နဲ့ ပြန်လည်ဖမ်းဆီးထိန်းသိမ်းခံရတာလို့ ဇနီးဖြစ်သူ ဒေါ်သန်းသန်းမော်က ပြောပါတယ်။

“သူ့ကို လွတ်လာတယ်လို့ ကျမတို့ သိတော့ မြောက်ဥက္ကလာ တရားရုံးကို သွားတော့ ၂ နာရီကျော် အချိန်မှာ ရောက်လာတယ်။ ရောက်လာပြီးတော့ ပုဒ်မ ၁၈ နဲ့ အမိန့်ချထားပြီးသား ၂ နှစ် ၆ လ လွှတ်ဝရမ်း ကျမကို အပ်တယ်။ မြောက်ဥက္ကလာ တရားရုံးမှာ ၅၀၅ (ခ) နဲ့ စွဲထားတဲ့ ၁ မှုမှာ အာမခံမပေးထားတဲ့အတွက် အာမခံယူဖို့ လိုတယ်ဆိုပြီး တရားသူကြီးက ပြောတယ်။ လောလောဆယ် သူ့အမှုတွဲမှာ အားလုံးပေါင်း ၄ ယောက်ဖြစ်နေတဲ့အတွက် ဦးထင်ကျော် တယောက်တည်း လျှောက်လို့မရဘူး။ ဒါကြောင့် ရုံးချိန်းရက်မှ လျှောက်ပါဆိုပြီး ထောင်ကို ပြန်ခေါ်သွားတယ်။”

အလားတူ  မန္တလေး အိုးဘိုထောင်ကနေ လွတ်လာတဲ့ ဦးအေးသိန်းကိုလည်း လက်ကျန် အမှုတွဲတွေ ရှိတဲ့အတွက် ထောင်မှာပဲ ပြန်လည်ထိန်းသိန်းခံခဲ့ရတယ်လို့ သူ့ရဲ့ လုပ်ဖော်ကိုင် ဖက် မန္တလေးမြို့က  ၈၈ မျိုးဆက် ကျောင်းသူ ဒေါ်အမာနီက ပြောပါတယ်။

“ကိုအေးသိန်းကို ကိုင်းတန်းဈေး ဆန္ဒပြမှုနဲ့ ဖမ်းထားတဲ့ အမှုက ကျန်တဲ့ သူနဲ့ အမှုတွဲတွေက ၁၀ လပိုင်းက အကုန်လွတ်သွားပြီလေ။ သူတို့ မနေ့ကမှ လွှတ်တာ။ မနေ့က အဲဒီ ကိုင်းတန်းဈေး ဆန္ဒပြမှုနဲ့ လွတ်တယ်။ ဒါပေမယ့် နောက်အမှု ၂ ကို ရင်ဆိုင် နေရတဲ့အတွက် ထောင်ထဲမှာ ပဲ ပြန်နေရတယ်။ အခုက သူက အမှု ၂ ခုအမှုရုံးမှာ ရင်ဆိုင်နေရတာ။ မြရည်နန္ဒာနဲ့ လယ်သမားတွေ အမှုပဲ။ ထောင်ထဲမှာတင် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ထောင်ထဲမှာပဲ ပြန်ထည့်ထားတာ။ ကျန်တဲ့ အမှုတွေက ရုံးရင်ဆိုင်နေရတုန်းရှိသေးတယ်။ အဲဒါတွေက စီရင်ချက် မချရသေးဘူး။”

ကိုင်းတန်းဈေးဆန္ဒပြမှုနဲ့ ဦးအေးသိန်းဟာ ပြီးခဲ့တဲ့ဇွန်လက နိုင်ငံတော် အကြည် ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)  အပြင် ပုဒ်မ ၁၈ နဲ့ပါ  ထောင်ဒဏ် တနှစ်နဲ့ ၃ လ ချမှတ်ခံခဲ့ရတာပါ။ အခုလက်ရှိ ပုဒ်မ ၅၀၅ ခ နဲ့ အမှုရင်ဆိုင်နေရတဲ့အတွက် ထောင်တွင်းမှာပဲ ဆက်လက် ချုပ်နောင် ခံရတာလို့ ဆိုပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ကြိမ်ပေး ခဲ့ပေမယ့် ပြန်လည်ဖမ်းဆီးခံရမှုတွေ ရှိနေတာနဲ့ပတ်သက်ပြီး ဒေါ်အမာနီက အခုလို ဝေဖန်ပါ တယ်။

“ဘယ်လိုပြောမလဲဆိုတော့ မူလည်း မပြောင်းသေးဘူး။ စနစ်လည်း မပြောင်းသေးဘူးလို့ပဲ ကျနော်တို့ သုံးသပ်လို့ရတယ်။ အခုဟာ ကိုအေးသိန်းရဲ့ အမှုတွဲတွေ အကုန်လွှတ်ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ မရှိပါဘူးပြောနေတယ်၊ အကုန်လွှတ်ပေးတယ် ပြောနေတယ်လို့ ပြောပေမယ့် ဆက်ပြီးတော့ ဖမ်းနေတာပဲ။ အခု ဒေါ်နော်အုန်းလှလည်း ဖမ်းထားတယ်လေ။ မန္တလေးအကျဉ်းထောင်မှာ ဆိုရင် ကိုအေးသိန်းက ကျန်နေတယ်။ အခုချိန်အထိကတော့ လူ့အခွင့်အရေးက ဆက်ပြီး ချိုးဖောက်နေတုန်းပါပဲ။”

မနေ့ ဒီဇင်ဘာလ ၁၁   ရက်နေ့  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်းဖွင့်ပွဲနေ့နဲ့ တိုက်ဆိုင်ပြီး သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေး အကျဉ်းသား ၄၁ ဦးကို လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013