DVB Logo
Home
မြန်မာသတင်း
မူဆယ် ၁၀၅ မိုင်တွင် ခုတင် ၁၀၀၀ ဆံ့ ကိုဗစ် ကုသရေးနှင့်ကွာရန်တင်းစင်တာ တည်ဆောက်
DVB
·
August 23, 2021
မူဆယ် ၁၀၅ မိုင်တွင် ခုတင် ၁၀၀၀ ဆံ့ ကိုဗစ် ကုသရေးနှင့်ကွာရန်တင်းစင်တာ တည်ဆောက်
1 / 2
Donate to DVB

ရှမ်းပြည်နယ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်း သစ်သီးရောင်းဝယ်ရေးကွင်းမှာ ခုတင် ၁၀၀၀ ဆံ့ ကိုဗစ်-၁၉ ကုသရေးနဲ့ ကွာရန်တင်းစင်တာ တည်ဆောက်နေပြီလို့ သိရပါတယ်။

ကိုဗစ် ကုသရေးနဲ့ ကွာရန်တင်းစင်တာကို ဆောက်ဖို့ ဩဂုတ်လ ၁၆ ရက်နေ့ကစ တရုတ်နိုင်ငံက ပစ္စည်းတွေ သယ်ဆောင်လာပြီး လုပ်ငန်းစတင်နေပြီလို့ သိရပါတယ်။

မူဆယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး၊ ဦးစီးဌာနမှူး ဦးအယ်စိုးထန်တူးက “တရုတ်ရဲ့ အကူအညီနဲ့ လုပ်ထားတာကော။ တရုတ်ရဲ့ အကူအညီပေါ့နော်။ အလုပ်သမားတွေဘာညာ ဆင်းတဲ့ဟာက ကျနော်တို့ ဗမာတွေပါပဲ။ တရုတ် နည်းပညာနဲ့ လုပ်ထားတာလေ” လို့ ပြောပါတယ်။ 

တရုတ်ဘက်က ၁၅ ရက်နဲ့အပြီးဆောက်ဖို့ အဆိုတင်သွင်းထားတာဖြစ်ပြီး အဆောင် ၄ ဆောင်၊ တစ်ဆောင်ကို ခုတင် ၂၅၀၊ အနည်းဆုံး ဆရာဝန် ၂ ဦးနဲ့ သူနာပြု ၈ ဦး စုစုပေါင်း ၁၀ ဦး သတ်မှတ်လျာထားတယ်လို့ ဆိုပါတယ်။

ကြက်ခြေနီအဖွဲ့၊ NGO အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပြီး လုံခြုံရေးအနေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ပါဝင်မယ်လို့ သိရပါတယ်။

အဲဒီ ကိုဗစ်ကုသရေးနဲ့ ကွာရန်တင်းစင်တာကို ဩဂုတ်လကုန်ပိုင်း စတင်လည်ပတ်နိုင်မယ်လို့ မူဆယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဝင်တစ်ဦးက ပြောပါတယ်။

အဆောက်အအုံပိုင်းနဲ့ပတ်သက်တာတွေ၊ လိုအပ်တဲ့ ဆေးဝါးထောက်ပံ့မှုအပိုင်းတွေကတော့ တရုတ်နိုင်ငံဘက်က စီးပွားရေးလုပ်ငန်းရှင် ကုန်သည်တွေကနေ ကူညီထောက်ပံ့ပေးမယ်လို့ ဆိုပါတယ်။

 “သိန်း ၂၀၀၀ လောက်တော့ သူတို့က လိုတယ်ပေါ့လေ။ အဲဒီ သိန်းနှစ်ထောင်ကလည်း သူတို့က ကိုဗစ်စင်တာမှာ တကယ်လုပ်မယ့် ဆရာဝန်တို့ သူနာပြု Nurse မတွေပေါ့လေ။ သူတို့ ငှားရမ်းဖို့အတွက်ရယ်။ ပြီးတော့ Volunteer တွေကိုလည်း ဒီတိုင်းထားလို့ မရဘူးလေ။ တတ်နိုင်သလောက် ထောက်ပံ့ကူညီမှုရယ်၊ ကျွေးမွေးစောင့်ရှောက်မှုအပိုင်းတွေပေါ့လေ။ အဲအတွက်မှာ ဒါတွေက သုံးသွားမှာ ဖြစ်တယ်ပေါ့။ ဆေးစစ်ခကိုတော့ ဆေးစစ်ခံယူသူတွေနဲ့ ကားသမားတွေဆီ တတ်နိုင်သလောက် ကောက်ခံသွားမှာဖြစ်တယ်။ ဘယ်လောက် ကောက်မယ် ဆိုတာကတော့ မသိရသေးဘူး။” လို့ ကော်မတီဝင်က ပြောပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုတော့ မြန်မာဘက်က ကျန်းမာရေးဝန်ထမ်းတွေက ဓာတ်ခွဲခန်းနဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်မှာဖြစ်ပြီး လက်ရှိ မူဆယ်ခရိုင် ပြည်သူ့ဆေးရုံသစ်ကြီးရှိ ဓာတ်ခွဲခန်းမှာ သင်တန်း ပြန်ပေးနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013