DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့ရှိ M-Rescue အောက်ဆီဂျင်စက်ရုံက ၄၀ လီတာ အိုးများကို စတင်ဖြည့်ပေးနေ
DVB
·
August 23, 2021
မန္တလေးမြို့ရှိ M-Rescue အောက်ဆီဂျင်စက်ရုံက ၄၀ လီတာ အိုးများကို စတင်ဖြည့်ပေးနေ
1 / 5
Donate to DVB

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၇၉ လမ်း၊ ၃၃ လမ်းနဲ့ ၃၄ လမ်းကြား ပရဟိတဓာရီ လူမှုကူညီရေးအသင်းရှိ M-Rescue အောက်ဆီဂျင်စက်ရုံမှာ သြဂုတ် ၂၂ ရက်က ၄၀ လီတာအိုးတွေ စမ်းသပ်ဖြည့်ပေးနေပါတယ်။

အဲဒီ အောက်ဆီဂျင်စက်ရုံကနေ တစ်နေ့ကို ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံး ၈၀ ကနေ ၁၂၀ ကြား ထွက်ရှိမှာဖြစ်ပြီး သြဂုတ် ၂၃ ရက်ကစလို့  ဆင်းရဲချမ်းသာ လူမျိုး ဘာသာမရွေး ပြည်သူတွေကို ၄၀ လီတာ အောက်စီဂျင်အိုးတွေကို  ဖြည့်ပေးတော့မှာပါ။

မန္တလေးမြို့ခံ လူမှုကူညီရေးအသင်းတစ်သင်းမှ တာဝန်ခံတစ်ဦးက “ကိုဗစ်တတိယလှိုင်း စတင်ချိန်မှာ အောက်ဆီဂျင်ရဖို့ နှစ်ပတ်တိတိ စောင့်ဆိုင်းတန်းစီခဲ့ပေမဲ့ အောက်ဆီဂျင် မရခဲ့တာတွေ ရှိခဲ့တယ်။ ပရဟိတအသင်းတွေမှာ အခုလို အောက်ဆီဂျင်စက်ရုံတွေ ရှိလာတော့ အောက်ဆီဂျင်လိုအပ်နေတဲ့ ပြည်သူတွေအတွက် အားတက်စရာပေါ့ဗျာ၊ ၄၀လီတာ အိုးတွေ ဖြည့်ဖို့ ခက်ခဲနေချိန် ၄၀ လီတာအိုးတွေပဲ ဖြည့်ပေးမယ်ဆိုတော့ အတိုင်းမသိ ဝမ်းသာရပါတယ်” လို့ က ပြောပါတယ်။

ကိုဗစ်တတိယလှိုင်းကာလမှာ အောက်ဆီဂျင်လိုအပ်ချက် များပြားခဲ့ပြီး ထုတ်လုပ်ပေးနိုင်တဲ့ စက်ရုံ နည်းပါးခဲ့တာကြောင့် အောက်ဆီဂျင်ရရှိရန် ခက်ခဲခဲ့ပါတယ်။

လူမှုကူညီရေးအသင်းတွေက အောက်ဆီဂျင်စက်ရုံတွေမှာ ၄၀ လီတာ အောက်ဆီဂျင် အိုးတွေ တန်းစီဖြည့်ခဲ့ကာ ပြည်သူတွေရဲ့ ၁၀ လီတာ၊ ၁၅ လီတာနဲ့ ၂၀ လီတာ အောက်ဆီဂျင်အိုးတွေကိုသာ ပြန်လည်ဖြည့်ပေးနိုင်ခဲ့ပေမယ် ၄၀ လီတာ အောက်ဆီဂျင်အိုးတွေကို ဖြည့်ပေးနိုင်ခြင်းမရှိခဲ့ပါဘူး။ 

မန္တလေးမြို့ရှိ လူမှုကူညီရေးအသင်းတချို့မှာ သြဂုတ်လဆန်းပိုင်းကစတင်ပြီး  အောက်ဆီဂျင်စက်တွေ လည်ပတ်လာတဲ့အတွက် အရင်ကထက် အောက်ဆီဂျင် အခက်အခဲ လျော့ကျလာပြီ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013