DVB Logo
Home
မြန်မာသတင်း
အခြေခံပညာရေး လုပ်သား သမဂ္ဂများ (လွတ်မြောက်နယ်မြေ) လုပ်ငန်းကော်မတီ ဖွဲ့စည်း
DVB
·
August 22, 2021
အခြေခံပညာရေး လုပ်သား သမဂ္ဂများ (လွတ်မြောက်နယ်မြေ) လုပ်ငန်းကော်မတီ ဖွဲ့စည်း
1 / 2
Donate to DVB

လွတ်မြောက်နယ်မြေရောက် CDM ပညာရေးဝန်ထမ်းတွေအရေးကိစ္စ ဆောင်ရွက်နိုင်ဖို့အတွက် အခြေခံပညာရေးလုပ်သားသမဂ္ဂများ(လွတ်မြောက်နယ်မြေ)လုပ်ငန်းကော်မတီကို ဩဂုတ် ၂၁ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။

မနေ့က အခြေခံပညာရေးလုပ်သားသမဂ္ဂများ တိုက်ပွဲဦးဆောင်ကော်တီအစည်းအဝေးကနေ လွတ်မြောက်နယ်မြေရောက် မြို့နယ်အသီးသီးက သမဂ္ဂအဖွဲ့ဝင်တွေ၊ CDM ဦးဆောင်သူတွေနဲ့ ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်တာပါ။

ဒီကော်မတီကနေ လွတ်မြောက်နယ်မြေရောက် CDM ပညာရေးဝန်ထမ်းတွေအတွက် လူမှုရေး၊ ကျန်းမာရေးနဲ့ စားဝတ်နေရေးအတွက် ထိထိရောက်ရောက်ကူညီနိုင်ဖို့နဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်နိုင်ဖို့အတွက် ရောက်တဲ့နေရာကနေ ပြည်သူလူထုနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်ဖို့ ဖြစ်တယ် လို့ဆိုပါတယ်။

ပညာရေးဝန်ထမ်းတွေဟာ တော်လှန်ရေးကာလတလျှောက် CDM လှုပ်ရှားမှုတွေ၊ မြေပြင်သပိတ်တိုက်ပွဲတွေနဲ့ ပြည်သူတွေနဲ့အတူတော်လှန်ခဲ့ကြပါတယ်။

စစ်ကောင်စီက မတရားဖိနှိပ် ညှဉ်းပန်းနှိပ်စက်တာတွေကြောင့် ဝန်ထမ်းအများအပြားဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး တော်တော်များများကလည်း လွတ်မြောက်နယ်မြေမှာ ရှိနေကြပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ကို စစ်တပ်က အာဏာသိမ်းတာနဲ့ ဝန်ထမ်းအများအပြား လုပ်ဆောင်ခဲ့ကြပြီး ပညာရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အများစု ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013