DVB Logo
Home
Lead Story
ဆီးဂိမ်းဖွင့်ပွဲ တရုတ်အကူအညီဖြင့် တင်ဆက်ခဲ့ဟု အိုလံပစ်ကော်မတီပြော
DVB
·
December 12, 2013
ဆီးဂိမ်းဖွင့်ပွဲ တရုတ်အကူအညီဖြင့် တင်ဆက်ခဲ့ဟု အိုလံပစ်ကော်မတီပြော
1 / 2
Donate to DVB

ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားမှာ အဓိကအသုံးပြုသွားတဲ့ ပေ ၃၅၀ ကျော် အရွယ်အစားရှိတဲ့ LED ဖန်သားပြင် အပါအ၀င် ရုပ်ထွက်နည်းပညာအားလုံးကို တရုတ်နိုင်ငံ အကူအညီနဲ့ တင်ဆက်ခဲ့တာလို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လွင်က ပြောပါတယ်။

Untitled-3 copy၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ်ပွဲတော်နဲ့ ၂၀၁၀ အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွေမှာ တာဝန်ယူ တင်ဆက်ခဲ့တဲ့ တရုတ်အားကစားကော်ပိုရေးရှင်းကပဲ သူတို့ ပစည်းတွေ၊ နည်းပညာတွေနဲ့ လာရောက်ကူညီတင်ဆက်ခဲ့တာလို့ ပြောပါတယ်။

အခု ဆီးဂိမ်းဖွင့်ပွဲ ကျင်းပခဲ့တဲ့ ၀ဏ္ဏသိဒ္ဓိကွင်းထဲမှာ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၁၄ ရက်နေ့မှာ အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပဖို့ ရှိပြီး တရုတ်က ဆက်လက် အကူအညီပေးသွားမှာ ဖြစ်ပါတယ်။

ဆီးဂိမ်းဖွင့်ပွဲနဲ့ ပိတ်ပွဲအခမ်းအနားတွေအတွက် ဘယ်လောက်ကျခံ သုံးစွဲထားသလဲဆိုတဲ့ အမေးကိုတော့ ပွဲပြီးမှ ပြောနိုင်မယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် အင်ဒိုနီးရှားဆီးဂိမ်းမှာ အင်ဒိုအစိုးရက အမေရိကန်ဒေါ်လာ သန်း ၃၇၀ ကျော် ကျခံသုံးစွဲခဲ့ပြီး မြန်မာတာဝန်ရှိသူတွေကလည်း မြန်မာဆီးဂိမ်းမှာ အင်ဒိုဆီးဂိမ်းထက်မနည်း သုံးရမှာပဲလို့ အစောပိုင်းက ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လွင်ကို ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနားနဲ့ ပတ်သက်လို့ ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013