DVB Logo
Home
Lead Story
တရုတ်လုပ်ငန်းရှင်များကို တာဝန်သိ ရင်းနှီးမြှုပ်နှံမှု လုပ်စေလို
DVB
·
December 12, 2013
တရုတ်လုပ်ငန်းရှင်များကို တာဝန်သိ ရင်းနှီးမြှုပ်နှံမှု လုပ်စေလို
Donate to DVB

တရုတ်လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုကိုပဲ လုပ်စေချင်တဲ့အကြောင်း မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးအေးလွင်က ပြောပါတယ်။

UMFCCIတရုတ်နိုင်ငံ ကွမ်ကျိုးမြို့က စီးပွားရေးလုပ်ငန်းရှင် ၇၀ ၀န်းကျင် ရန်ကုန်ကို လာရောက်ပြီး မြန်မာ စီးပွားရေးလုပ်ငန်းရှင် ၅၀ လောက်နဲ့ ရန်ကုန် ဆီဒိုးနားဟိုတယ်မှာ ဒီဇင်ဘာ ၁၁ ရက်နေ့က တွေ့ဆုံဆွေးနွေးချိန် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာ တရုတ်တင်မက ဂျပန်၊ တောင်ကိုရီးယားနဲ့ အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်စပြုနေပြီ ဖြစ်လို့ တရုတ်လုပ်ငန်းရှင်တွေကို ခုလို သတိပေး ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အဲဒီ တွေ့ဆုံဆွေးနွေးပွဲမှာ စက်မှုလုပ်ငန်း၊ လယ်ယာမြေလုပ်ငန်း၊ ရေအားလျှပ်စစ်လုပ်ငန်း နဲ့  လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်း အပါအ၀င် လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်နိုင်မယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013