DVB Logo
Home
မြန်မာသတင်း
အောင်ဘာလေထီ လက်ကားရောင်းဝယ်သည့် ထီလုပ်ငန်းရှင်များကို NUG သတိပေး
DVB
·
August 21, 2021
အောင်ဘာလေထီ လက်ကားရောင်းဝယ်သည့် ထီလုပ်ငန်းရှင်များကို NUG သတိပေး
Donate to DVB

အောင်ဘာလေထီလုပ်ငန်းကို အပြီးတိုင်ဖျက်သိမ်းပြီးဖြစ်လို့ လက်ကားဝယ်ရောင်းနေတဲ့ ထီလုပ်ငန်းရှင်ကြီးတွေအနေနဲ့ စစ်ကောင်စီထံကနေ အောင်ဘာလေထီလက်မှတ်တွေ ဝယ်ယူ၊ ရောင်းချ၊ ဖြန့်ဖြူးခြင်း မပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဩဂုတ် ၂၁ ရက်မှာ အထူးသတိပေး တားမြစ်ချက်ထုတ်ပြန်လိုက်ပါတယ်။ 

လောင်းကစားဥပဒေကို ပထမအကြိမ်ပြင်ဆင်သည့် ဥပဒေကို ဩဂုတ်  ၆ ရက်က ပြင်ဆင် ပြဋ္ဌာန်းကာ “အောင်လံလွှင့်ချီ နွေဦးထီ”ကို ရောင်းချနေပြီဖြစ်လို့ လက်ကားထီလုပ်ငန်းရှင်ကြီး တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင်လောင်းကစား ဖြစ်တဲ့ အောင်ဘာလေထီ လက်မှတ်တွေ ဝယ်ယူရောင်းချဖြန့်ဖြူးခြင်း မလုပ်ဖို့ တားမြစ်လိုက်တာပါ။

တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက  တည်ဆဲဥပဒေတွေနဲ့အညီ  အရေးယူမယ်လို့ လည်း    စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမဝန်ကြီးဌာန ဝန်ကြီး ဦးတင်ထွန်းနိုင်က ထုတ်ပြန်ထားပါတယ်။

NUG အစိုးရက အောင်လံလွှင့်ချီနွေဦးထီကို ဩဂုတ်လ ၁၅ ရက်နေ့မှာ စတင်ရောင်းချခဲ့ပြီး ပထမနေ့မှာတင် သတ်မှတ်ထားတဲ့ ထီအစောင်‌ရေ ၅၀၀၀၀ နာရီပိုင်းအတွင်း ရောင်းကုန်ခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကလည်း နွေဦးထီထိုးသူတွေကို တရားစွဲ ဖမ်းဆီးထောင်ချမယ်လို့  ခြိမ်းခြောက်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013