DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးအတွက် Raffle Ticket အရောင်းကမ်ပိန်း ဂျပန်တွင် အရှိန်မြှင့်
DVB
·
August 21, 2021
တော်လှန်ရေးအတွက် Raffle Ticket အရောင်းကမ်ပိန်း ဂျပန်တွင် အရှိန်မြှင့်
1 / 9
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ကာကွယ်ရေးဝန်ကြီးဌာနရဲ့ 5MillionChallenge ယုံကြည်ရာခြေတလှမ်း တော်လှန်ရေးအတွက် ငါးသန်း လှူဒါန်းမှု Raffle Ticket   အရောင်းကမ်ပိန်း ဂျပန်နိုင်ငံမှာလည်း အရှိန်မြှင့်ဆောင်ရွက်နေကြပါတယ်။

ဂျပန်နိုင်ငံမှ ရောင်းခွင့်ရ Fundraiser ရန်ပုံငွေရှာအဖွဲ့တွေအနေနဲ့ အွန်လိုင်းသာမက မြန်မာအများစုနေထိုင်ရာ မြို့တွေမှာလည်း ကံစမ်းမဲလက်မှတ်တွေ ကူညီရောင်းချနေတာ တွေ့ရပါတယ်။

MNSOမှ ကိုမျိုးကြီးကတော့ သူတို့အဖွဲ့ကို ထောက်ပံ့တပ်စုအဖြစ် သတ်မှတ်ဆောင်ရွက်နေပြီး လောလောဆယ် လက်မှတ်အစောင် ၆၀၀၀ နီးပါးလောက် ရောင်းချနေရပြီး အဝေးရောက်မြန်မာတွေအတွက် အကြမ်းဖက်စစ်ကောင်စီကို အမြန်ဖြုတ်ချပြီး အမိမြေပြန်နိုင်ဖို့ အိမ်အပြန်လက်မှတ်လို့ သုံးနှုန်းရှင်းပြသွားပါတယ်။

Try together at Japan အဖွဲ့မှ မမို့ ကတော့ မြန်မာနိုင်ငံတွင်းမှ ဝယ်ယူလိုသူတွေ အခက်အခဲရှိနေလို့ ပြည်တွင်းကဝယ်ယူလှူဒါန်းမှုတွေကို ဂျပန်ကနေ ကူညီပေးတာတွေလည်း အများအပြားရှိနေတယ်လို့ ဆိုပါတယ်။

“ကျမတို့က ပြည်ပရောက်နေလို့ ကိုယ်တိုင်မပါဝင်နိုင်ဘူး။ ဒါကြောင့် ကိုယ်တတ်နိုင်တဲ့ဘက်က အမြဲပါဝင်ဖြစ်ပါတယ်၊ မြန်မာပြည်သူများအားတင်းထားကြပါ အရေးတော်ပုံမကြာမီ အောင်ရမည်” လို့ ဝယ်ယူလှူဒါန်းနေသူတဦးဖြစ်တဲ့ မသဲညှာဦးက ပြောပါတယ်။ 

ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံသား ၃၀၀၀ ကျော်နေထိုင်ကြပြီး လှူဒါန်းသူတိုင်းအတွက် မိမိတို့ လှူဒါန်းမှုနဲ့  ညီမျှတဲ့ တုံကင် နံပါတ်တွေနဲ့  5 Million Challenge Campaign ဒီဇိုင်းပါ digital certificate တွေကို Fundraiser တွေက တိုက်ရိုက်ပေးအပ်သွားမှာဖြစ်ပြီး  ဩဂုတ်လ ၂၈ ရက် အထိ ဝယ်ယူလှူဒါန်းနိုင်တယ်လို့လည်းသိရပါတယ်။ 

တော်လှန်ရေးအတွက် Raffle Ticket  ဝယ်ယူတဲ့ ပြည်သူတွေကို NUG အစိုးရက  Grand Prize ဆုတွေတုံ့ပြန်ပေးအပ်သွားဖို့ရှိပြီး  ဆုတွေထဲမှာ ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ရဲ့လက်ရာ “နွေဦး” လို့ အမည်ပေးထားတဲ့ ပန်းချီကား တချပ်လည်း ပါဝင်ပါတယ်။

ဒီကနေ့ ဩဂုတ် ၂၁ ညနေ ၆ နာရီလောက်အထိ နိုင်ငံပေါင်း ၂၀ ကျော်ကနေ  Raffle Ticket လက်မှတ်ပေါင်း ၃၆၅၆၀၀ ကျော်  ဝယ်ယူအားပေးထားကြတဲ့အထဲမှာ စင်ကာပူနိုင်ငံက ၇၅၈၉၇ စောင်နဲ့ ထိပ်ဆုံးမှာရှိနေပါတယ်။ ဒုတိယအများဆုံးကတော့  မြန်မာပြည်တွင်းကနေ လက်မှတ်ပေါင်း ၆၂၀၆၃  စောင်ဝယ်ယူအားပေးထားပြီး ဂျပန်ကတော့ လက်မှတ်ပေါင်း  ၁၉၈၄၁ စောင် အားပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013