
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်တောပြန့်ကျေးရွာအနီးမှာ ပဲတွေတင်ဆောင်လာတဲ့ ကုန်ကားတစ်စီး ဩဂုတ်၂၁ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်က တိမ်းမှောက်ခဲ့လို့ လူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရသွားပါတယ်။
ကားမှောက်ရာမှာ ကူညီပေးနေသူတစ်ဦးက “ကျနော်တို့ရွာအနားမှာ ပဲကားတစ်စီးမှောက်တာ။ လူတစ်ယောက်သေတယ်။ တစ်ဦး ဒဏ်ရာရတယ်ဗျ။ မုံရွာဘက်ကို ပဲသွားပို့တဲ့ကုန်ကားပါ” လို့ပြောပါတယ်။
သေဆုံးသွားသူဟာ ကားမောင်းသမားဖြစ်ပြီး ဒဏ်ရာရသွားသူကတော့ ယာဉ်နောက်လိုက်ဖြစ်တယ်လို့လည်း သိရပါတယ်။
ပုလဲ-ဂန့်ဂေါကားလမ်းမကြီးမှာ ကားအတက်အဆင်းများစွာရှိပြီး ပုလဲမြို့နယ်အတွင်း အခုလိုမိုးရာသီမှာ ယာဉ်မတော်တဆမှောက်မှုတွေ အကြိမ်ကြိမ်ဖြစ်လေ့ ရှိပါတယ်။