DVB Logo
Home
မြန်မာသတင်း
ကမ္ဘောဒီးယားက မြန်မာကို ကိုဗစ်-၁၉ ကာကွယ်ကုသရေး ဆေးစ္စည်းများထပ်မံလှူဒါန်း
DVB
·
August 20, 2021
ကမ္ဘောဒီးယားက မြန်မာကို ကိုဗစ်-၁၉ ကာကွယ်ကုသရေး ဆေးစ္စည်းများထပ်မံလှူဒါန်း
Donate to DVB

မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေမှာ  အသုံးပြုဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံက ဆေးဝါးပစ္စည်းတွေ သြဂုတ် ၁၉ ရက်က အထူးလေယာဉ် ၃ စီးနဲ့  ပေးပို့ လှူဒါန်းလိုက်ပါတယ်။ 

ဒီလှူဒါန်းမှုဟာ ကမ္ဘောဒီးယားနဲ့ ကပ်ရောဂါကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအကြားက ခိုင်မာတဲ့နှောင်ကြိုးတွေကို ထုတ်ဖော်ပြသခဲ့တာလို့ ကမ္ဘောဒီးယားကျန်းမာရေး၀န်ကြီး မမ်ဘန်ဟန်က  ဘန်ဟန်က ပြောပါတယ်။

ကမ္ဘောဒီးယားမှာလည်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြင်းထန်နေချိန်မှာ တခြားနိုင်ငံတွေကို ကူညီနိုင်သေးတာဖြစ်ပြီး ဒါဟာလည်း ဒေသတွင်းမှာသာမက ကမ္ဘာ့အခြားဒေသတွေမှာပါ ပြည်သူ တွေနဲ့အတူ စည်းလုံးညီညွတ်မှုကို ပြသတဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ မဟာဂရုဏာနဲ့ ကြီးမြတ်တဲ့ စိတ်နှလုံးသားပါပဲလို့ ဆိုပါတယ်။ 

မြန်မာကိုပေးတဲ့ ဆေးဘက်ဆိုင်ရာအထောက်အပံ့တွေမှာ  Mask သုံးသန်း၊ ကိုဗစ်အမြန်စစ် AG sets စမ်းသပ်ကိရိယာ ၅ သိန်း၊ PPE ဝတ်စုံ ၂၀၀၀ ၊ အလိုအလျောက် အောက်ဆီဂျင်ထုတ်လုပ်စက် Oxygen Concentrators ၁၀၀၊ အသက်ရှူအကူ ventilator စက် ၂၀၊ အရေးပေါ် လူနာစောင့်ကြည့် ကိရိယာ အစုံ ၂၀ စသဖြင့် ပါဝင်ပါတယ်။ 

ကမ္ဘောဒီးယားအစိုးရဟာ မြန်မာနိုင်ငံကို ဒေါ်လာ ၂ သိန်း တိုက်ရိုက်ထောက်ပံ့တဲ့အပြင် အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာနမှ တဆင့်  ဒေါ်လာ ၁ သိန်းကိုလည်း  မြန်မာနိုင်ငံအတွက် ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ကမ္ဘောဒီးယားကြက်ခြေနီဥက္ကဋ္ဌ  ဘန်ရာနီဟူဆန်ကလည်း ကိုဗစ်-၁၉  အကျပ်အတည်းကာလအတွင်း မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကူညီ ဖြေရှင်းပေးဖို့ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ကနေတဆင့် ဒေါ်လာ ၁ သိန်း လှူဒါန်းခဲ့ပါသေးတယ်။ 

ဒါဟာ မြန်မာနိုင်ငံကို ကိုဗစ်-၁၉ အထောက်အပံ့တွေ ပေးအပ်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ 

၂၀၂၀ နို၀င်ဘာလတုန်းကလည်း ကမ္ဘောဒီးယားနိုင်ငံဟာ Mask နှစ်သန်းနဲ့ ဆေးဝါးအထောက်အပံ့တွေကို ထောက်ပံ့ခဲ့ပါသေးတယ်။ 

အခုတကြိမ် ကမ္ဘောဒီးယားက လှူဒါန်းတဲ့ အထောက်အကူပြုပစ္စည်းတွေ ဩဂုတ် ၁၉ ရက်မနက်က အထူးလေယာဉ် ၃ စီးနဲ့ နေပြည်တော်လေဆိပ်ကိုရောက်ရှိလာပါတယ်။  

မြန်မာနိုင်ငံအတွက် ကမ္ဘောဒီးယားနိုင်ငံအစိုးရနဲ့ ပြည်သူတွေက အထောက်အကူပြု ဆေးပစ္စည်းတွေ လှူဒါန်းတဲ့ အခမ်းအနားကိုလည်း နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပဲ မနေ့ကကျင်းပခဲ့ပြီး စစ်ကောင်စီ  ကျန်းမာရေးဝန် ဒေါက်တာသက်ခိုင်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါတယ်။ 

Photo- MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013