Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် အိမ်ရှင်ကို သေနတ်ဖြင့်ပစ်ပြီး သိန်း ၇၀၀ ဓားပြတိုက်
DVB
·
August 19, 2021
234387442_3103730843193454_7972911679409238978_n

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆူးဝင်းကျေးရွာမှာ ဩဂုတ် ၁၉ ရက် မနက်စောစောပိုင်းက အိမ်ရှင်ကို သေနတ်နဲပပစ်ပြီး ကျပ်သိန်း ၇၀၀  ဓားပြတိုက်လုယူမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နီးစပ်သူတဦးက “ဦးမျိုးထွန်းက အုတ်တံတိုင်းပေါ်မှ သွပ်ဆူးကြိုးကို ဖျက်ဆီးပြီး အိမ်တခါးကို ဆွဲဖွင့်နေတဲ့ လူစိမ်းနှစ်ယောက်ကို လှမ်းအော်တော့ အဲ့ဒီလူစိမ်းနှစ်ဦးက သေနတ်နဲ့ ပစ်တာပ ါးကိုရှပ်မှန်သွားလို့ ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်” လို့ ပြောပါတယ်။

အဆိုပါလူနှစ်ဦးဟာ အိမ်ထဲအထိဝင်လာပြီး အိမ်ရှင်ဦးမျိုးထွန်းကို မီးခံသေတ္တာဖွင့်ခိုင်းကာ ကျပ်သိန်း ၇၀၀ ကို ယူဆောင်သွားတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်လို့ မြိုင်မြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်ခံဖြေကြားမယ့်သူ မရှိဘူးလို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024