DVB Logo
Home
မြန်မာသတင်း
ရေဦးမြို့နယ် ပညာရေးဘုတ်အဖွဲ့ (ယာယီ) ဖွဲ့စည်း
DVB
·
August 19, 2021
ရေဦးမြို့နယ် ပညာရေးဘုတ်အဖွဲ့ (ယာယီ) ဖွဲ့စည်း
Donate to DVB

ရေဦးမြို့နယ် ပညာရေးဘုတ်အဖွဲ့(ယာယီ)ကို စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်အတွင်းရှိ CDM ကျောင်းအုပ်ကြီးတွေ၊ ဆရာဆရာမတွေနဲ့ ရုံးဝန်ထမ်းတွေက သြဂုတ် ၁၉ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။

လက်ရှိ ရေဦးမြို့နယ် ပညာရေးမှူးအပါအဝင် ပညာရေးဝန်ထမ်းတစုဟာ စစ်ကောင်စီကို ထောက်ခံပြီး အမိန့်ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်နေကြတာကြောင့် ရေဦးမြို့နယ်ရှိ CDM ပညာရေးဝန်ထမ်းတွေကို အမှန်တကယ် ကိုယ်စားပြုနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အရ ရေဦးမြို့နယ် ပညာရေးဘုတ်အဖွဲ့ (ယာယီ) ကို ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။

ရေဦးမြို့နယ် ပညာရေးဘုတ်အဖွဲ့(ယာယီ)ဟာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးကာလအတွင်း မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းရုံးများအားလုံးရဲ့ စီမံခန့်ခွဲရေးပညာသင်ကြားရေးနဲ့ ပညာရေး ဆိုင်ရာကိစ္စတွေနဲ့ ကျောင်းအုပ်ကြီးတွေ၊ ဆရာဆရာမတွေ၊ ရုံးဝန်ထမ်းတွေ၊ ကျောင်းသားကျောင်းသူတွေရဲ့ တော်လှန်ရေးကာလ နစ်နာဆုံးရှုံးမှုများကို ညှိနှိုင်းဖြေရှင်းပေးဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကာလအတွင်း ကျောင်းသားကျောင်းသူတွေရဲ့ ပညာသင်ယူမှုအခွင့်အလမ်း မဆုံးရှုံးစေဖို့ အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနရဲ့ ကြားကာလ ပညာရေး အစီအစဉ်ကို နည်းလမ်းပေါင်းစုံနဲ့ ပြည်သူနဲ့အတူ ညှိနှိုင်းအကောင် အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်သလို အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်နဲ့ပတ်သက်ပြီး ကျောင်းသားမိဘတွေနဲ့ ကျောင်းသားကျောင်းသူတွေကို နည်းလမ်းမျိုးစုံနဲ့ အသိပညာပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

CDM ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသားကျောင်းသူတွေရဲ့ မူလရှိမြဲ အခွင့်အရေးတွေ၊ ရာထူးတာဝန်တွေကို တော်လှန်ရေးအောင်မြင်ပြီးနောက် နစ်နာဆုံးရှုံးမှု မရှိစေရေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ရေဦးမြို့နယ်ရှိ CDM ပညာရေး ဝန်ထမ်းတွေဟာ ပြည်သူနဲ့အတူ စစ်အာဏာရှင်ကို အောင်ပွဲရသည်အထိ ဆက်လက်တိုက်ပွဲ ဝင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပညာရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ CDM ပညာရေးဝန်ထမ်းတွေ၊ စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေ၊ မိဘတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ ညှိနှိုင်းပြီး စုပေါင်းခေါင်းဆောင်မှုပုံစံနဲ့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013