DVB Logo
Home
မြန်မာသတင်း
ရေးမြို့ဆေးရုံတွင် နေစရာမရှိသဖြင့် ကိုဗစ်- ၁၉ လူနာ ၂ ဦး ထွက်သွား
DVB
·
August 19, 2021
ရေးမြို့ဆေးရုံတွင် နေစရာမရှိသဖြင့် ကိုဗစ်- ၁၉ လူနာ ၂ ဦး ထွက်သွား
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး  နေစရာနေရာမရှိလို့  သြဂုတ် ၁၈ ရက်က ထွက်သွားခဲ့ရတယ်လို့  မြို့ခံတွေက ပြောပါတယ်။

ထွက်ပြေးသွားတဲ့လူနာ ၂ ဦးဟာ ဒူးယားကျေးရွာက လူနာနဲ့ မော့ကနင်ကျေးရွာက လူနာတို့ ဖြစ်ပြီး အခုလို ထွက်ပြေးတဲ့အပေါ် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မော့ကနင်က ထွက်ပြေးသွားတဲ့  လူနာက ထွက်ပြေးတာ မဟုတ်ဘဲ ဆေးရုံမှာ နေရာ မရှိလို့ ပြန်လာ တာဖြစ်ပြီး အခုပြန်ပို့ပေးလိုက်ပေမဲ့ ဆေးရုံမှာ နေရာမရှိလို့ ကြမ်းပြင်မှာပဲ နေရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီနေ့အထိ ရေးမြို့နယ်မှာ ကိုဗစ်‌-၁၉ ပိုးတွေ့ရှိသူ  ၁၁၇၆  ဦးရှိပြီး  ဆေးရုံက ဆင်းခွင့်ရသူ  ၇၉၃  ဦးရှိသလို  သေဆုံးသူ  ၁၀၃  ဦး ရှိပါတယ်။

ရေးမြို့ ပြည်သူ့ဆေးရုံ Isolation Ward မှာ လူနာတွေ ပြည့်ကျပ်နေတဲ့အတွက် အရင် အရိုးအကြောအဆောင်ကို ကိုဗစ်ကုသရေးအဆောင်ဖြစ် ပြင်ဆင်ထားရှိပြီး လူနာ ၄၈ ဦး ထည့်သွင်းကုသပေးနိုင်မယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013