DVB Logo
Home
မြန်မာသတင်း
ဒေါ်မြင့်မြင့်အေး ထောင်တွင်း အစာငတ်ခံ ဆန္ဒပြမည်
DVB
·
December 11, 2013
ဒေါ်မြင့်မြင့်အေး ထောင်တွင်း အစာငတ်ခံ ဆန္ဒပြမည်
Donate to DVB

ပေါင်းတည်ထောင်မှာ ထိန်းသိမ်းခံနေရတဲ့  မိတ္ထီလာပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင် ဒေါ်မြင့်မြင့်အေးက  သူ့ကို  စွဲချက်မတင်ဘဲ ထောင်တွင်း ဖမ်းဆီးထိန်းသိမ်းထားတာကို အမြန်ဆုံး ရပ်ဆိုင်းဖို့နဲ့  စွဲချက်မတင်ရင်  အစာငတ်ခံဆန္ဒပြသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

နတ္တလင်းမြို့နယ်ထဲ လယ်သိမ်းခံတောင်သူတွေဘက်က လိုက်ပါရပ်တည်ပေးရင်း ဒေါ်မြင့်မြင့်အေး တို့ကို ပေါင်းတည်ထောင်ထဲ ဖမ်းဆီးချုပ်နှောင်ထားတာ ဒီဇင်ဘာ ၁၀ ရက်မှာ ၆ လတိတိ ရှိသွားပြီဖြစ်ပါတယ်။

[caption id="attachment_20132" align="alignright" width="300"]ဒေါ်မြင့်​မြင့်​အေး​ ဒေါ်မြင့်​မြင့်​အေး​[/caption]

အခုအချိန်ထိ တိုင်းတရားရုံးက စွဲချက်မတင်သေးတာကြောင့် ဒီဇင်ဘာ ၁၃ ရက်အထိ စွဲချက် မတင်ရင် ထောင်တွင်း အစာငတ်ခံဆန္ဒပြမယ်လို့   မနေ့က ရုံးချိန်းမှာ ဒေါ်မြင့်မြင့်အေးက ပြောဆိုလိုက်တာဖြစ်တဲ့အကြောင်း သူ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့  တရားလွှတ်တော်ရှေ့နေ ဒေါ်ဟန်စုယဉ်က ပြောပါတယ်။

“နတ္တလင်းမြို့နယ်ကို ကျမတို့ သွားတဲ့အချိန်မှာ အမှုတွဲ ပြန်မရသေးလို့ဆိုပြီး ၂ ပတ် ပြန်ချိန်းလိုက်တယ်။ အမိန့်က မြန်မြန်ချသင့်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အချိန်ဆွဲမှာ မြင်နေရတယ်။ မနေ့ကဆိုရင် ၆ လပြည့်သွားပြီ။ အချုပ်ထဲမှာ နေနေရတာ သူတို့နစ်နာတယ်။ အဲဒီအတွက်ကြောင့် မကွေးတိုင်းဒေသကြီး တရားလွှတ်တော်ကို မြန်မြန်ချပေးဖို့ သူတို့ တောင်းဆိုဖို့အတွက် အစာအငတ်ခံ ဆန္ဒပြဖို့ စီစဉ်ထားတယ်။ ကျမတို့က ဒီ ၁ ရက် ၂ ရက်တော့ စောင့်ကြည့် ဖို့ပြောထားပြီး ဒီအမှု မချမချင်း အစာငတ်ခံ ဆန္ဒပြကြမယ်လို့ ပြောပါတယ်။”

မိတ္ထီလာပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ဒေါ်မြင့်မြင့်အေးနှင့် ဝိမုတ္ထိ္ထ လူမှုကူညီရေး အဖွဲ့မှ မခင်မိမိခိုင်နှင့် နတ္တလင်းပြည်သူ့ အကျိုးဆောင်ကွန်ရက်မှ ကိုသန့်ဇင်ထက် တို့သုံးဦးကို ၆/၈၈ အသင်းအပင်းဥပဒေနဲ့ နတ္တလင်းမြို့နယ်ရဲစခန်းက တရားစွဲဆိုထားတာဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက် ရုံးချိန်းဟာ ၁၉ ကြိမ်မြောက်ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013