DVB Logo
Home
မြန်မာသတင်း
၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတု အထိမ်းအမှတ်ပွဲကျင်းပ
DVB
·
December 11, 2013
၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတု အထိမ်းအမှတ်ပွဲကျင်းပ
1 / 2
Donate to DVB

မြန်မာ့သမိုင်းမှာဖြစ်ပွားခဲ့တဲ့   အထင်ရှားဆုံး အရေးတော်ပုံကြီး ၂ ခု ထဲက တခုဖြစ်တဲ့  ၁၃၀၀ ပြည့်အရေးတော်ပုံ ၇၅ နှစ်မြောက် စိန်ရတုအခမ်းအနားကို  မြန်မာနိုင်ငံ အလယ်ပိုင်းက အရေးတော်ပုံ  စတင်ဖြစ်ပွားရာ ချောက်မြို့မှာ ပထမဆုံးအကြိမ် တရားဝင်ကျင်းပခဲ့ကြပါတယ်။

1456028_555345977893670_241259346_nအရေးတော်ပုံစတင်ခဲ့တဲ့  ချောက်မြို့မှာ ကျင်းပသွားတာဖြစ်ပြီး မကွေးတိုင်း ၂၅ မြို့နယ်က ပြည်သူတွေ၊ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေက ပြည်သူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်း တချို့က ကိုယ်စားလှယ်တွေ စုစုပေါင်း ၃၀၀၀ လောက် တက်ရောက်ခဲ့ကြတယ်လို့ အခမ်းအနား သဘာပတိအဖြစ် တာဝန်ယူခဲ့တဲ့ မကွေးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက ပြောပါတယ်။

“ကျနော်တို့ အန်အယ်ဒီ မြို့နယ်ရုံးကနေပြီး တဖာလုံနီးပါးဝေးတဲ့ မေဒေးကျောက်တိုင်နဲ့ ဖိုးလှကြီးရုပ်တု ထုလုပ်ထားတဲ့နေရာကို မကွေးတိုင်းက ၂၅ မြို့နယ်ကော ရန်ကုန်ကော မန္တလေးကော ၈၈ ပွင့်လင်းလူ့အောင်အဖွဲ့အစည်းကကော အဖွဲ့အစည်းတွေ အကုန်လုံး ၄ ယောက် တတွဲ တန်းစီချီတက်ပြီးတော့ မေးဒေးကျောက်တိုက် ရှေ့မှာ သခင်ဖိုးလှကြီးကြေးရုပ်တုမှာ သွားပြီး အလေးပြုတယ်။ အလေးပြုပြီးတာနဲ့ မြို့လယ် သီရိမင်္ဂလာ ခန်းမမှာ သွားပြီးတော့ အခမ်းအနား လုပ်ပါတယ်။”

၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတုအခမ်းအနားကျင်းပဖို့ ချောက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က လွှတ်တော်တင်ပြခဲ့ပြီး လွှတ်တော်ရဲ့ ခွင့်ပြုချက်နဲ့ ကျင်းပခဲ့တာပါ။

ဒီနေ့ ပြုလုပ်ကျင်းပခဲ့ကြတဲ့ ၁၃၀၀ ပုံအရေးတော်ပုံ စိန်ရတုအခန်းအနားကို သမ္မတ ဦးသိန်းစိန်ကလည်း သ၀ဏ်လွှာပေးပို့လိုက်ပြီး သမိုင်းဝင် ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံ ကြောင့် နိုးထခဲ့တဲ့ အမျိုးသားရေး စိတ်ဓာတ်တွေကို ပြန်လည် အသက်သွင်းပြီး သန်း (၆၀) သော ပြည်သူများ ကောင်းကျိုးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက် သွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အလားတူ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၁၃၀၀ ပြည့် အရေးတော်ပုံအခမ်းအနားကို သ၀ဏ်လွှာပေးပို့ခဲ့ပြီး  သ၀ဏ်လွှာမှာ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ သခင် သခင်မကြီးတွေရဲ ကဏ္ဍအရေးပါပုံ ဖော်ပြထားတယ်လို့ မကွေးပြည်သူ့ လွှတ်တော်အမတ် ဦးမြင့်သိန်း ပြောပါတယ်။

“၁၃၀၀ ပြည့် လူထုအရေးတော်ပုံဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုသမိုင်းမှာ အလုပ်သမားတွေဟာ တက်တက်ကြွကြွနဲ့ လှုပ်ရှားခဲ့တဲ့အတွက် အဲဒီအကြောင်းတရားကို အခြေပြုပြီးတော့မှ လွတ်လပ်ရေးကြိုးပမ်းမှုအတွက် အားမာန်တွေ ဖြစ်လာတယ်။ အင်အားစုတွေ ဖြစ်လာတယ်။ အဲဒီတုန်းက အုပ်ချုပ်နေတဲ့ ဒေါက်တာ ဘမော် အစိုးရ ပြုတ်ကြသွားတယ်။ ၁၃၀၀ ပြည့် လူထုအရေးတော်ပုံမှာ သခင် သခင်မကြီးတွေရဲ့ တန်ဖိုးအရ မြန်မာနိုင်ငံ လွတ်လပ်ရေး ရတယ်ဆိုတာ မမှားဘူးလို့ ပြောလို့ရတယ်။”

PoeHlaGyi၁၃၀၀ ပြည့် လူထုအရေးတော်ပုံကြီး (၇၅) နှစ်ပြည့် အခမ်းအနားတွေကို ဒီဇင်ဘာ ၁၁ ရက်မှ စတင်ကာ အရေးတော်ပုံ ချီတက်ရာ လမ်းကြောင်းရှိ မြို့တွေဖြစ်တဲ့ မကွေး၊ အောင်လံ၊ ပြည်၊ မင်းလှ၊ ရန်ကုန်၊ မန္တလေး စသည့်မြို့တွေမှာလည်း ကျင်းပသွားမယ်လို့ အခမ်းအနား ဖြစ်မြောက်ရေး ဗဟိုကော်မတီက ထုတ်ဖော်ပြောကြားထားပါတယ်။

လွန်ခဲ့တဲ့ ၇၅ နှစ် ၁၃၀၀ပြည့်နှစ်မှာ ဗြိတိသျှ နယ်ချဲ့ ကိုလိုနီအစိုးရကို  အဖိနှိပ်ခံ ချောက်ရေနံမြေလုပ်သားတွေ ဦးဆောင်ပြီး တို့ဗမာအစည်းအရုံးဝင် သခင်လူငယ်တွေ အင်အားနဲ့ ပူးပေါင်းလို့ မိုင် ၄၀၀ ကျော်ဝေးတဲ့ ရန်ကုန်မြို့ကို  ပထမဆုံးအကြိမ် ဆန့်ကျင် ချီတက် ဆန္ဒပြ ခဲ့ကြရာက အစပြုလို့   အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013