DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာလ စားဝတ်နေရေးအခက်ကြုံနေရသည့် မောင်တောနယ်စပ်က ကုန်တင်ကုန်ချ အလုပ်သမားများ (ဓာတ်ပုံ)
DVB
·
August 19, 2021
ကိုဗစ်ကာလ စားဝတ်နေရေးအခက်ကြုံနေရသည့် မောင်တောနယ်စပ်က ကုန်တင်ကုန်ချ အလုပ်သမားများ (ဓာတ်ပုံ)
1 / 8
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်ကုန်သွယ်ရေးကို ကိုဗစ်-၁၉ ရောဂါ အခြေအနေအရ ယာယီပိတ်ထားတာကြောင့် ကုန်တင်ကုန်ချလုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေနဲ့ မိသားစုတွေ စားဝတ်နေရေးအခက်အခဲနဲ့ ရင်ဆိုင်ကြရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် ပြည်နယ်စစ်ကောင်စီက   စစ်တွေနဲ့ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းကို ဇူလိုင်လ ၁၅ ရက်ကတည်းက ခုချိန်အထိ ယာယီပိတ်ထားတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊မောင်တောနယ်စပ်ကုန် သွယ်ရေးစခန်းမှာ ကုန်တင်ကုန်ချ အလုပ်သမား ၁၅၀ ကျော်ကို မီခိုနေကြတဲ့ မိသားစုဝင် ၁၀၀၀ နီးပါးရှိနေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်တွင်နယ်စပ်ကုန်သွယ်ရေးတခုဖြစ်တဲ့ စစ်တွေမှာ  ကုန်တင်ကုန်ချ အလုပ်သမားတွေကို လက်ရှိ ပြည်နယ်စစ်ကောင်စီက ထောက်ပံ့ပေးပေမဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေးရှိ  ကုန်တင်ကုန်ချ အလုပ်သမားတွေကိုတော့ ဒီနေ့အချိန်အထိ ထောက်ပံ့မှု တစ်စုံတရာ မပေးသေးပါဘူး။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကို ကိုဗစ်ဒုတိယလှိုင်းကာလကလည်း  ယာယီပိတ်ထားခဲ့ရပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်က စတင်ကာ ပြန်လည်ကုန်သွယ်ခွင့်ပြုခဲ့ပြီး    ဇူလိုင်လမှာ နောက်တကြိမ် ထပ်ပိတ်ခဲ့တာဖြစ်ပါတယ်။

Photo - Kaung Mrat Naing / MPA 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013