DVB Logo
Home
မြန်မာသတင်း
စီးတီးမတ်ဆိုင်များတွင် နိုင်ငံခြားဖြစ် အရက်နှင့်ဆေးလိပ်များ ရောင်းချမှု ရပ်ဆိုင်း
DVB
·
December 11, 2013
စီးတီးမတ်ဆိုင်များတွင် နိုင်ငံခြားဖြစ် အရက်နှင့်ဆေးလိပ်များ ရောင်းချမှု ရပ်ဆိုင်း
Donate to DVB

လစဉ်ဈေးဝယ်သူ ၁သန်းကျော်ဝယ်ယူမှုရှိနေတဲ့ စီးတီးမတ်ဟိုးဒင်းလ်ကုမ္ပဏီလီမိတက်ရဲ့  စီးတီးမတ်အရောင်းဆိုင်တွေမှာ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်နဲ့ စီးကရက်ကုန်စည်တွေကို အခုလ ၆ ရက်နေ့ကစပြီး  အရောင်းရပ်တန့်လိုက်ပြီလို့ ကုမ္ပဏီက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းသာကေတ မြမာလာလမ်းက ဂိုဒေါင်တခုမှာ နိုင်ငံခြားက တင်သွင်းလာတဲ့ ၀ိုင်ပုလင်း ၉ သောင်းနီးပါးနဲ့ အရက်ပုလင်း ၁ ထောင်ကျော် ဖမ်းဆီးစစ်ဆေးခံနေရပြီးနောက်  စီးတီးမတ် ဟိုးဒင်းကုမ္ပဏီဟာ သူ့ရဲ့ အရောင်းဆိုင်ကောင်တာတွေကနေ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက် အားလုံးကို ဖယ်ရှားလိုက်ပြီး ရောင်းချခြင်းကိုလည်း ရပ်ဆိုင်းထား လိုက်တာပါ။

2013-12-09 20.44.58အခုလို ရောင်းချမှု ရပ်တန့်လိုက်တာနဲ့ ပတ်သက်ပြီး စီးတီးမတ်ဟိုးဒင်းလ်ကုမ္ပဏီ လီမိတက် ဈေးကွက်မန်နေဂျာ ဒေါ်မေဇင်စိုးထက်က ဒီဗွီဘီကို အခုလို ပြောပါတယ်။

“ရောင်းချခွင့်လိုင်စင်က အစ်မတို့မှာရှိနေတယ်။ ရောင်းချခွင့်လိုင်စင် ရှိပေမယ့်လို့ ပစ္စည်းဝင်ရောက်လာတဲ့ လမ်းကြောင်းကို မသိရှိဘဲ တဆင့်ပြန်လည်ရောင်းချတဲ့ အနေအထားဖြစ်နေတဲ့အခါကျတော့ မိုဘိုင်းတင်းက စစ်ဆေးမယ်ဆိုလည်း စစ်ဆေးနိုင်တဲ့ အနေအထားရှိနေတဲ့အခါမှာ တချို့ စူပါမားကတ်တွေက အရောင်းပိတ်လိုက်တော့ အစ်မတို့လည်း ပိတ်လိုက်ရင်ကောင်းမယ်ဆိုပြီး အရောင်းပိတ်လိုက်တာပါ။”

ပြည်တွင်းမှာ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်နဲ့စီးကရက်တွေကို ၁၉၉၆ ခုနှစ်ကစလို့ အခုအချိန်အထိ ပုံမှန်သွင်းကုန်လိုင်စင်နဲ့ တင်သွင်းခွင့်ကို အစိုးရကပိတ်ပင်ထားတာပါ။ နိုင်ငံခြားသား ဧည့်သည်တွေကို ၀န်ဆောင်မှုပေးဖို့အတွက် ဟိုတယ်လုပ်ငန်း အပါအ၀င် လေဆိပ်တွေမှာ ဖွင့်လှစ်ထားတဲ့ duty free ဆိုင်တွေကိုသာ တရားဝင်ရောင်းချခွင့် ပြုထားတာဖြစ်ပါတယ်။

စီးတီးမတ် ဈေးဝယ်စင်တာတွေ အပါအ၀င်  လက်လီအရောင်းဆိုင်တွေမှာ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်နဲ့ စီးကရက်တွေက စားသုံးသူရဲ့ ဈေးကွက်လိုအပ်ချက်ကို ၀န်ဆောင်မှုပေးတဲ့အနေနဲ့ ရောင်းချပေးနေတာလို့  ဒေါ်မေဇင်စိုးထက်က ပြောပါတယ်။

“အဓိက အခြေအနေက လုံးဝရောင်းချခွင့်မရှိဘူးဆိုလည်း မရှိဘူးပေါ့နော်။ အရင်တုန်းက တောက်လျှောက် ရောင်းချလာခဲ့တာ။ ရောင်းလာခဲ့ပြီးတော့ အခုကျမှ သွင်းလာတာကို ပြန်စစ်လာတယ်။ ၀ယ်သူလက်ထဲရောက်ခါနီးမှ စစ်တဲ့အနေအထားဖြစ်နေတော့ ဒီကြားထဲမှာ ရှိနေတဲ့ အရောင်းသမားတွေက ဘယ်လိုအနေအထားမျိုးနဲ့ ဒီဟာကို ရင်ဆိုင်ရမှန်း မသိဘူး ဖြစ်နေတယ်ပေါ့နော်။”

အလားတူ ရန်ကုန်မြို့လယ် ဧရိယာတွေမှာ ဖွင့်လှစ်ထားတဲ့ အရက်၊ ဘီယာ၊ ၀ိုင် သီးသန့် အရောင်းဆိုင်တွေမှာလည်း နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်တွေကို ဖယ်ရှားထားပြီး ၀ယ်သူလာမှ သိုဝှက်ထားတဲ့ နေရာတွေကနေ သွားယူရောင်းချပေးတာမျိုး ပြုလုပ်လာကြပါတယ်။

တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီက ရုံးအဖွဲ့မှူး ဦးညွန့်အောင်က ဈေးကွက်အတွင်းရောက်ရှိနေတဲ့ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်ကုန်စည်တွေနဲ့ ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်မယ့် အစီအစဉ်တွေကို အခုလို ပြောပါတယ်။
“အဲဒီဟာနဲ့ ပတ်သက်ပြီး ၂ ပိုင်းရှိတယ်။ လက်ရှိရောက်ပြီးသား ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့အပိုင်း၊ ပေါ်လစီ ပြင်သင့်တယ်၊ မပြင်သင့်ဘူးဆိုတာနဲ့ ပတ်သက်ပြီး ဗဟိုကော်မတီကို အချက်သုံးချက် တင်ပြထားတယ်။ နံပါတ် ၁ က ဈေးကွက်ထဲမှာ ရောက်ရှိနေတဲ့ ဘယ်လိုစီစဉ်သင့်လဲ၊ ဒီဟာကို အရင်စဉ်းစားရမယ်။ နံပါတ် ၂ အချက်က ဒီဟာကို ပေးသင့်မပေးသင့် အဖွဲ့စုံပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမယ်။ နံပါတ် ၃ အချက်က တရားဝင်တင်သွင်းခွင့်ပြုဖို့ သေချာသွားပြီဆိုတာနဲ့ လက်ရှိဈေးကွက်ထဲက ဟာတွေသည် တရားဝင်တင်သွင်းခွင့်ကျတဲ့အချိန် အဲဒီလိုင်စင်နဲ့ ပြန်ကပ်မယ်။”

တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးလှုပ်ရှားအဖွဲ့အနေနဲ့ ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့ကစပြီး ယခုနှစ် ဒီဇင်ဘာလ ၅ ရက်အထိ တားဆီးထိန်းသိမ်းခဲ့တဲ့ တရားမ၀င် ကုန်ပစည်းအမှုတွဲပေါင်း ၁၉၀၉ မှုရှိပြီးတော့ တန်ဖိုးအားဖြင့် ခန့်မှန်းငွေ ကျပ် ၇၁၁၅ သန်းကျော် ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013