DVB Logo
Home
မြန်မာသတင်း
“အောင်လံလွှင့်ချီနွေဦးထီ” ၄ ရက်အတွင်း လက်မှတ်အစောင်ရေ ၂ သိန်း ရောင်းချရ
DVB
·
August 18, 2021
“အောင်လံလွှင့်ချီနွေဦးထီ” ၄ ရက်အတွင်း လက်မှတ်အစောင်ရေ ၂ သိန်း ရောင်းချရ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စီစဉ်ရောင်းချနေတဲ့ အောင်လံလွှင့်ချီနွေဦးထီဟာ  ဩဂုတ်လ ၁၈ ရက်နေ့အတွက် ထီလက်မှတ်စောင်ရေ ၅၀၀၀၀  အချိန် ၁၅ မိနစ်အတွင်း ရောင်းကုန်သွားပါတယ်။

အောင်လံလွှင့်ချီနွေဦးထီကို ဩဂုတ်လ ၁၅ ရက်နေ့မှာ စတင်ရောင်းချခဲ့ပြီး ဒီနေ့ ၄ ရက်မြောက်ရှိလာချိန်မှာ အစောင်ရေ ၂ သိန်း ရောင်းကုန်ခဲ့တာဖြစ်ပါတယ်။

ထီတစောင်ကို ကျပ် ၂၀၀၀  သတ်မှတ်ရောင်းချနေတာဖြစ်ပြီး  အနည်းဆုံး ၅ စောင်ကနေ အစောင် ၅၀ အထိထိုးနိုင်မှာဖြစ်ကာ ပေါက်မဲကတော့  ဆုကြေး  ၁၅ သိန်း သတ်မှတ်ထားပါတယ်။

နွေဦးထီကို ဆုကြေးလိုချင်လို့ ထိုးတာမဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရဘက်က ပြည်သူတွေ ရပ်တည်တယ်ဆိုတာကို ပြသချင်တဲ့အတွက် ထိုးတာလို့ ပါဝင်ကံစမ်းသူတွေကပြောပါတယ်။

စစ်ကောင်စီဘက်က ဘဏ်အကောင့်တွေပိတ်သိမ်းမယ်၊ လူတွေကို အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်တာတွေရှိနေပေမယ့် ကြောက်နေရင် တော်လှန်ရေးက ရှေ့ကိုရောက်မှာမဟုတ်ဘူးလို့ ထီထိုးသူ တစ်ဦးက ပြောပါတယ်။

နွေဦးထီထိုးတာက သမားရိုးကျကံစမ်းတယ်ဆိုတာထက် တိုင်းပြည်ပြန်ကောင်းလာအောင် တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီတာလို့ ကံစမ်းသူတွေက ပြောပါတယ်။ 

CDM ဝန်ထမ်းတွေနဲ့ PDF တွေကို ပြည်သူတွေက တတ်နိုင်တဲ့ဘက်ကထောက်ပံ့တာဖြစ်ပြီး ထီပေါက်တာမပေါက်တာက အရေးမကြီးဘူးလို့ ဆိုကြပါတယ်။ 

NUG အစိုးရကတော့ နွေဦးထီရောင်းချတာကို ပုံမှန်ပြုလုပ်သွားမှာဖြစ်ပြီး ဩဂုတ်လ ၂၀ ရက်နေ့မှာတော့ နည်းပညာပိုင်းအရပြင်ဆင်စရာတွေရှိတဲ့အတွက် တစ်ရက်ရပ်နားဖို့ ရှိနေပါတယ်။

နွေဦးထီထိုးသူတွေကို တရားစွဲ ဖမ်းဆီးထောင်ချမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားသလို စစ်ကောင်စီလက်အောက်ခံ  အောင်ဘာလေသိန်းဆုဌာန စီမံညွှန်ကြားရေးမှူးကလည်း မြန်မာနိုင်ငံမှာ KBZ ငွေပေးချေမှုစနစ် ၊ Wave Money အပါအဝင် Mobile Payment ဖုန်းကနေငွေပေးချေနိုင်မှုတွေ၊ Online Payment တွေ၊ Bank Transfer အားလုံးက ဗဟိုဘဏ်ရဲ့ထိန်းချုပ်မှုနဲ့ ဆောင်ရွက်ရတယ်လို့ ပြောဆိုထားပါတယ်။ 

ဒီပြောဆိုချက်အရ ဘဏ်တွေကနေတဆင့် ငွေလွှဲတာဆို ပြဿနာရှိနိုင်ပေမယ့် သာမန်ငွေလွှဲလုပ်ငန်းတွေကနေ ထီဖိုးငွေ တစ်သောင်း၊ နှစ်သောင်းလွှဲတာအားလုံးကို စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လိုက်ကြည့်ဖို့မဖြစ်နိုင်ဘူးလို့ နည်းပညာသမားတွေက ဆိုပါတယ်။ နည်းပညာသမားတစ်ချို့ကတော့ NUG အနေနဲ့လုံခြုံရေးစနစ်ကို ဒီထက် ပိုကောင်းအောင်ဆောင်ရွက်သင့်တယ်လို့  အကြံပြုပြောဆိုတာတွေလည်းရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013