DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် တရက်တည်း ကိုဗစ်-၁၉ လူနာ ၂၀,၀၀၀ ကျော်၊ ကူးစက်ခံရသူပေါင်း ၁ သန်းခန့်ရှိလာ
DVB
·
August 18, 2021
ထိုင်းတွင် တရက်တည်း ကိုဗစ်-၁၉ လူနာ ၂၀,၀၀၀ ကျော်၊ ကူးစက်ခံရသူပေါင်း ၁ သန်းခန့်ရှိလာ
Donate to DVB

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉  ပိုးတွေ့လူနာသစ်  ၂၀,၅၁၅ ယောက်ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁ သန်းနီး ပါး ရှိလာနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူအသစ် ၃၁၂ ယောက်ရှိခဲ့ပြီး ကူးစက်မှုအသစ် ၂ သောင်းကျော်ထဲမှာ ထိုင်းနိုင်ငံတဝန်းအကျဉ်းထောင်တွေထဲက ၂၄၈ ယောက် ပါဝင်တယ် လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ရောဂါပြန်လည် ပျောက်ကင်းသက်သာလာတဲ့အတွက် ဆေးရုံ က ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၂၂,၆၈၂ ယောက် ရှိနေခဲ့တာပါ။

ထိုင်းနိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါစတင် ကူးစက်ချိန်ကတည်းက လက်ရှိ အချိန်ထိ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၉၆၈,၉၅၇ ယောက်၊ ရောဂါပြန်လည် ပျောက် ကင်းသက်သာလာသူ အရေအတွက် ၇၅၃,၁၁၉ ယောက်နဲ့ ဆေးရုံတက်ရောက်ကုသမှု ခံ ယူနေသူအရေအတွက် ၂၀၇,၅၅၃ ယောက်နဲ့ သေဆုံးသူ ၈,၂၅၈ ယောက် ရှိနေခဲ့တာ ဖြစ် ပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု အစီအစဉ်မှာတော့ ထိုင်းပြည်သူ ၃၅၅,၄၀၈ ယောက်ကတော့ ပထမတကြိမ် ထိုးနှံပြီးဖြစ်ကာ ၂ ကြိမ်ထိုးနှံပြီးသူ အရေအတွက် ၁၅၃,၅၁၉ ယောက်၊ ၃ ကြိမ် ထိုးနှံပြီးသူ အရေအတွက် ၉,၁၉၁ ယောက်ရှိနေပြီး ကာကွယ် ဆေးထိုးနှံပြီးသူ စုစုပေါင်း ၂၄ ဒသမ ၆ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၀၉ သန်းကျော်၊ ရောဂါပြန်လည် ပျောက်ကင်းသက်သာလာသူပေါင်း ၁၈၇ ဒသမ ၆ သန်း ကျော်နဲ့ သေဆုံးသူပေါင်း ၄ ဒသမ ၄ သန်းနီးပါး ရှိနေခဲ့တယ်လို့ Worldometer ဝက်ဘ် ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

နေ့စဉ်ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံကတော့ ကမ္ဘာ့ နိုင်ငံတွေထဲ ရောဂါကူးစက်မှု အမြင့်ဆုံးအဆင့် ၃၄ နေရာ ကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ထိပ်ဆုံးမှာတော့ အမေရိကန်က ၃၇ ဒသမ ၉ သန်းကျော်၊ အိန္ဒိယက ၃၂ ဒသမ ၂ သန်း ကျေိာ်၊ ဘရာဇီးက ၂၀ ဒသမ ၄ သန်းကျော်စီ အသီးသီး ကူးစက်ခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013