DVB Logo
Home
မြန်မာသတင်း
အာဏာရှင်စနစ်ကြောင့် မြန်မာ့ကျန်းမာရေး အဆိုးရွားဆုံးဖြစ်ခဲ့ကြောင်း ဒေါ်စုပြော
DVB
·
December 11, 2013
အာဏာရှင်စနစ်ကြောင့် မြန်မာ့ကျန်းမာရေး အဆိုးရွားဆုံးဖြစ်ခဲ့ကြောင်း ဒေါ်စုပြော
Donate to DVB

ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ ကျန်းမာရေး ဆန်းသစ်တီထွင်မှုဆိုင်ရာ ထိပ်သီးညီလာခံ (WISH) မှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံက အကောင်းဆုံး ကျန်းမာရေး ပြုစုစောင့်ရှောက်မှုစနစ်ကို နိုင်ငံကို နှစ်ပေါင်း ၆၀ ခန့် အုပ်ချုပ်ခဲ့တဲ့ ကိုလိုနီအစိုးရဆီကနေ လက်ခံရရှိခဲ့သလို လွတ်လပ်ရေးရပြီးတဲ့နောက် အစိုးရက အဲဒီအမွေပေါ်မှာ ဆက်လက်တည်ဆောက်ခဲ့ကာ ကျန်မာရေးစောင့်ရှောက်မှုမှာ မြန်မာဟာ ဒေသတွင်းမှာ အကောင်းဆုံးဖြစ်တယ်လို့ ပြောပါတယ်။

DASSK-WISH(DOHA111213)ဒါပေမယ့် ၁၉၆၀ နောက်ပိုင်း စစ်အစိုးရ အာဏာရပြီးတဲ့နောက်မှာတော့ ဒီအမွေဟာ ပျောက်ပျက်သွားပြီး ကမ္ဘာမှာ ကျန်းမာရေးစောင့်ရှောက်မှု အဆိုးဝါးဆုံးနိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
တိုင်းပြည်ဟာ ဆင်းရဲပေမယ့် သဘာဝသံယံဇာတ အရင်းအမြစ်တွေ အများကြီး ရှိသလို ကောင်းမွန် သင့်တော်စွာ အသုံးပြုနိုင်ရင် အနာဂတ်မှာ ချမ်းသာနိုင်တဲ့အကြောင်းနဲ့ ဒီအထဲမှာ လူသားအရင်းအမြစ်က အဖိုးတန်ဆုံး ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဆယ်စုနှစ်များစွာ မြန်မာရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ညံ့ဖျင်းစွာ ပုံသွင်းခဲ့သလို ပြည်သူတွေက ပစ္စည်း အရင်းအမြစ်မရှိတာကိုသာမက ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု မရှိခဲ့တာကို ခံစားရတာဟာ နှစ်ပေါင်း ၅၀ အာဏာရှင် အုပ်ချုပ်မှုရဲ့ ရလဒ်လို့လည်း ပြောပါတယ်။
ကလေးသူငယ် အသေအပျောက်နှုန်းဟာလည်း မြန်မာနိုင်ငံမှာ အရမ်းကို မြင့်မားနေ တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံက သူနာပြုတွေဟာ တကယ့်ကို စိတ်ရှည်ပြီး ဂရုဏာကြီးတဲ့အတွက် ကမ္ဘာတ၀န်းက တန်ဖိုးထားတယ်လို့လည်း ဆိုပါတယ်။
အရင်ဆယ်စုနှစ်တခုလုံး တိုင်းပြည်အတွင်းက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေ ရတဲ့သူတွေကို ကူညီဖို့ ကြိုးစားခဲ့သလို ဆေးဝါးအထောက်အပံ့နဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပေးခဲ့တဲ့အကြောင်း ဒီလို လုပ်ဆောင်ရာမှာ အခက်အခဲတခုက အကူအညီ ကို ယူဖို့ သူတို့ကို တိုက်တွန်းရတဲ့ကိစ္စ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကို ရောက်နေတာဟာလည်း တိုင်းပြည်က အကြီးဆုံး ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြန်လည် ပြုပြင် မွမ်းမံရေး စီမံကိန်းမှာ ပါဝင်တဲ့အတွက် ဖြစ်တယ်လို့ ဒီထိပ်သီးဆွေးနွေးပွဲမှာ တက်ရောက်နေတဲ့သူ တွေက မြန်မာပြည် ကျန်းမာရေးစောင့်ရှောက်မှုမှာ အောင်မြင်မှုရအောင် ကြိုးပမ်းချက်တွေကို စိတ်ဝင်စားဖို့ မျှော်လင့်တဲ့အကြောင်းလည်း ပြောပါတယ်။

မိခင်ဟာလည်း သူနာပြုတဦးဖြစ်သလို အဲဒီအချိန်တုန်းက အဘိုးအဘွားတွေက သူနာပြုအဖြစ် လုပ်ဆောင်တာကို သဘောမတူခဲ့သလို ငယ်ရွယ်တဲ့ အမျိုးသမီးအဖြစ် မသင့်တော်ဘူး တွေးထင်ခဲ့ပေမယ့် အကောင်းဆုံး သူနာပြုတဦးဖြစ်အောင် ကြိုးစားခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ကမ္ဘာတလွှား ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရေးရဲ့ပမာဏ ခြေလှမ်းအဖြစ် ရည်ရွယ် လုပ်ဆောင်နေတဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ကမ္ဘာ့ ကျန်းမာရေး ဆန်းသစ်ထီထွင်မှုဆိုင်ရာ ထိပ်သီး ညီလာခံမှာ အစိုးရ၊ စီးပွားရေးခေါင်းဆောင်၊ ပညာရှင်နဲ့ ကိုယ်စားလှယ် ၅၀၀ ကျော် တက်ရောက်ပြီး ရင်ဆိုင်နေရတဲ့ ကမ္ဘာကျန်းမာရေး စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်။

ဒီနှစ် ဆွေးနွေးပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်တက်ရောက်နေပြီး မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှာက်မှု စနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ စိန်ခေါ်မှုတွေအကြောင်း ဆွေးနွေးဖို့ ရှိနေပါတယ်။

ဒီ ဆွေးနွေးပွဲကို တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မိုးညိုလည်း လိုက်ပါသွားတာ ဖြစ်ပါတယ်။ ဒါပြင် သီတဂူဆရာတော် အရှင်ဥာဏိဿရလည်း ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။
ကာတာပညာရေး၊ သိပ္ပံနဲ့ လူမှု ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က WISH အဖွဲ့ကို စုစည်း တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013