DVB Logo
Home
Lead Story
သိန်း ၁၀၀ တန် တိုက်ခန်း ၀န်ထမ်းများကို အရစ်ကျ ရောင်းပေးမည်
DVB
·
December 11, 2013
သိန်း ၁၀၀ တန် တိုက်ခန်း ၀န်ထမ်းများကို အရစ်ကျ ရောင်းပေးမည်
Donate to DVB

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ပန်းနဲ့ ကျန်စစ်မင်းအိမ်ယာစီမံကိန်းတွေ ပြီးသွားရင် ၀န်ထမ်းနဲ့ ပြည်သူတွေကို အရစ်ကျ ငွေချေစနစ်နဲ့ ရောင်းပေးမယ်လို့ ရန်ကုန်တိုင်း ဆောက်လုပ်ရေး၊ သစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောပါတယ်။

chief buldingဒီဇင်ဘာ ၁၀ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပြီး အဲဒီ အိမ်ရာ ၂ ခုက တိုက်ခန်းတွေကို ကျပ် သိန်း ၁၀၀ သတ်မှတ်ထားတဲ့အကြောင်း၊ တိုက်ခန်းတွေ ရောင်းချရာမှာ ပုံမှန်ဝင်ငွေရှိတဲ့ နိုင်ငံဝန်ထမ်းတွေ၊ ကုမ္ပဏီ ၀န်ထမ်းတွေ၊ ပြည်သူတွေနဲ့ အငြိမ်းစားတွေကို ဦးစားပေးသွားမယ်လို့ သူက ပြောပါတယ်။

ဒါပေမယ့် ရန်ကုန်စည်ပင်က အကောင်အထည်ဖော်နေတဲ့ မြောက်ဒဂုံ ၄၈ ရပ်ကွက်နဲ့ ၄၂ ရပ်ကွက်က ဗိုလ်ဗထူးနဲ့ ဗိုလ်မင်းရောင်အိမ်ယာ တိုက်ခန်းတွေကိုတော့ ကျပ် သိန်း ၂၅၀ ၀န်းကျင်နဲ့ ကျပ် သိန်း ၃၀၀ ကျော် သတ်မှတ်ထားတယ်လို့ သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013