DVB Logo
Home
မြန်မာသတင်း
စစ်တက္ကသိုလ်ကျောင်းဆင်းများ ပြည်သူကို အများဆုံးဒုက္ခပေးနေသူများဖြစ်ဟု CDM အရာရှိများဝေဖန်
DVB
·
August 17, 2021
စစ်တက္ကသိုလ်ကျောင်းဆင်းများ ပြည်သူကို အများဆုံးဒုက္ခပေးနေသူများဖြစ်ဟု CDM အရာရှိများဝေဖန်
Donate to DVB

စစ်တက္ကသိုလ်ကျောင်းဆင်းတွေဟာ ပြည်သူလူထုရဲ့ဘဏ္ဍာငွေ  နိုင်ငံတော်ဘတ်ဂျက်နဲ့ ပညာသင်ခဲ့ပြီး ပြည်သူတွေကို အများဆုံးဒုက္ခပေးနေတဲ့သူတွေဖြစ်သလို နိုင်ငံတော်အတွက်လည်း တာဝန်မကျေတဲ့ ကျောင်းဆင်းတွေဖြစ်တယ်လို့ CDM တပ်မတော်အရာရှိတွေက ဝေဖန်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာ ပြည်သူတွေကို သေစေနိုင်လောက်အောင်ရည်ရွယ်ပြီး အကြမ်းဖက်ပစ်သတ်နေတဲ့ လုပ်ရပ်တွေကို မြေပြင်မှာတာဝန်ယူထားတဲ့  စစ်တက္ကသိုလ်ကျောင်းဆင်းအရာရှိတွေနဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက အာဏာရှင် စစ်ခေါင်းဆောင်တွေရဲ့ အမိန့်ပေးစေခိုင်းမှုတွေနဲ့အတူ လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြည်သူတွေကပေးတဲ့အခွန်ငွေတွေနဲ့ စစ်တက္ကသိုလ်မှာ စစ်ပညာတွေကိုသင်ကြားခဲ့ကြပြီး တိုင်းပြည်တာဝန်ကို ပြန်လည်ထမ်းဆောင်ခဲ့ကြတဲ့အချိန်မှာ ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်နေခဲ့ကြတဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းအရာရှိတွေရဲ့လုပ်ရပ်ဟာ အမိစစ်တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေပြီး စစ်တက္ကသိုလ်ရဲ့ သမိုင်းကို ဖျက်ဆီးနေတဲ့သူတွေဖြစ်တယ်လို့ CDM တပ်မတော်အရာရှိတစ်ဦးဖြစ်တဲ့  စစ်တက္ကသိုလ်အပတ်စဉ် ၅၂  ဆင်း ဗိုလ်ကြီးညီသုတ ပြောပါတယ်။

နိုင်ငံတော် ဘတ်ဂျက်နဲ့  စစ်ပညာတွေသင်ခဲ့တဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းတွေဟာ တိုင်းပြည်နဲ့ လူထုအပေါ် ဘယ်လောက်တာဝန်ကျေပြီလဲဆိုတဲ့ မေးခွန်းမေးခံရတိုင်း စစ်တက္ကသိုလ်ကျောင်းဆင်း အရာရှိတစ်ယောက်အနေနဲ့ ရှက်မိတယ်လို့လည်း  ဗိုလ်ကြီးညီသုတကဆိုပါတယ်။

အရင်က စစ်တက္ကသိုလ်တက်ဖို့အတွက် လူဦးရေသတ်မှတ်ချက်ထက်က ကျော်လွန်လျှောက်ထားမှုတွေရှိခဲ့ပြီး စစ်တက္ကသိုလ်တက်ချင်ပြီး မတက်လိုက်ရတဲ့သူတွေရှိပေမယ့် လက်ရှိအချိန်မှာတော့ စစ်တက္ကသိုလ်တက်ဖို့ လျှောက်ထားသူအလွန်နည်းပါးနေတာကြောင့် သင်တန်းလျှောက်လွှာ ဖောင်ပိတ်ရက်ကို ရက်ထပ်မံတိုးပြီး ခေါ်ယူနေပါတယ်။

အာဏာမသိမ်းခင်  စစ်တက္ကသိုလ်ကျောင်းဆင်းအရာရှိတွေအနေနဲ့ နောင်တစ်ခေတ်ရဲ့ အောင်စစ်သည်တွေကို မွေးထုတ်ပေးတဲ့ အမိစစ်တက္ကသိုလ်အဖြစ် အမြဲဂုဏ်ယူနေပြီး လက်ရှိမှာ ပြည်သူ့ကို ပြန်လည်သတ်ဖြတ်နေတဲ့  ကျောင်းဆင်းတွေကြောင့် စစ်တက္ကသိုလ်တက်မိတာ နောင်တရမိတယ်လို့ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်လာတဲ့ ဗိုလ်ဇာနည်အောင်ကလည်း ပြောပါတယ်။

စစ်တက္ကသိုလ်ကျောင်းဆင်းအရာရှိစစ်သည်တွေအနေနဲ့ စစ်သားတစ်ယောက်ဖြစ်တဲ့အတွက် အမိန့်နာခံရတယ်ဆိုတာကို လက်ခံပေမယ့် တိုင်းပြည်နဲ့ လူထုအကျိုးမရှိဘဲ အာဏာရှင်လူတစ်စုကောင်းစားရေးအတွက် ပေးလာတဲ့ အမိန့်တွေဆိုရင် နာခံဖို့မလိုဘူးလို့ CDM တပ်မတော်အရာရှိစစ်သည်တွေက ပြောပါတယ်။  

စစ်ခေါင်းဆောင်လူတစ်စုအကျိုးစီးပွားကာကွယ်ဖို့နဲ့ အာဏာဖက်တွယ်မှုတွေကြောင့် နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့တဲ့ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လို တာကြောင့် အာဏာဖီဆန်မှုလုပ်လာခဲ့တဲ့ တပ်မတော်အရာရှိစစ်သည် ၁၀၀၀ နီးပါးရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကလည်း အသိမှတ်ပြု CDM ကုတ်နံပါတ်တွေကိုထုတ်ပေးနေပါတယ်။

Photo-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013