Home
မြန်မာသတင်း
မိုးကုတ်တွင် ကေအိုင်အေ၊ မိုးကုတ် PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်
DVB
·
August 17, 2021
228028979_814196959154337_6515278869423518414_n

မန္တလေးတိုင်း မိုးကုတ်မြို့ ပလောင်ကျောင်းခမ်းကျေးရွာ အထက်ပိုင်းမှာ သြဂုတ်လ ၁၆ ရက်နေ့  မနက် ၁၁ နာရီ ဝန်းကျင်က ကေအိုင်အေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မိုးကုတ်) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုရဲ့  ခလရ ၁၄၈ တပ်ရင်းကနေ ထိုးစစ်ဆင်လာတာကြောင့် ကေအိုင်အေ၊ မိုးကုတ် PDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က ၆ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မိုးကုတ်) က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါ တပ်ရင်းဟာ မိုးကုတ်မြို့ထဲက သပိတ်တွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ တပ်ဖြစ်တယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးမှုရှိခဲ့ပေမယ့် ကေအိုင်အေ၊ မိုးကုတ် PDF ပူးပေါင်းတပ်ဘက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

မိုးကုတ် PDF အနေနဲ့ ပြည်သူဘက်ကရပ်တည်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲ ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024