DVB Logo
Home
Lead Story
တရုတ်က ဒေါ်လာ ၁၀ သန်းနီးပါး အကူအညီထပ်ပေး
DVB
·
December 11, 2013
တရုတ်က ဒေါ်လာ ၁၀ သန်းနီးပါး အကူအညီထပ်ပေး
Donate to DVB

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အရ ဒေါ်လာ ၈ သန်းကျော်၊ အာဆီယံဥက္ကဋ္ဌရာထူးကို မြန်မာနိုင်ငံက ရယူတဲ့အခါ လိုအပ်မယ့် ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေအတွက် ဒေါ်လာ ၁ ဒဿမ ၇ သန်း စုစုပေါင်း ဒေါ်လာ ၁၀ သန်းနီးပါးနဲ့ ညီမျှတဲ့ တရုတ်ယွမ် သန်း ၆၀ အကူအညီပေးဖို့ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

[caption id="attachment_48189" align="alignright" width="300"]Photo by President Office Photo by President Office[/caption]နေပြည်တော် မြတ်တော်ဝင်ဟိုတယ်မှာ လုပ်တဲ့ အဲဒီ လက်မှတ်ရေးထိုးပွဲကို တရုတ် ဘက်က ဒုဝန်ကြီးချုပ်နဲ့ မြန်မာဘက်က ဒုတိယသမ္မတ ဦးဥာဏ်ထွန်းတို့ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ဒီမတိုင်ခင်တုန်းကလည်း တရုတ်နိုင်ငံဟာ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပမယ့် မြန်မာနိုင်ငံအတွက် ယွမ်ငွေ ၂၁၂ သန်းနဲ့ ညီမျှတဲ့ ဒေါ်လာ ၃၅ သန်း အကူအညီ ပေးထားခဲ့ပြီး သမ၀ါယမ၀န်ကြီးဌာနကိုလည်း ဒေါ်လာ သန်း ၁၀၀ ချေးယူ ခွင့်ပြုထားပြီး ဖြစ်ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013