DVB Logo
Home
မြန်မာသတင်း
အိန္ဒိယက မြန်မာနိုင်ငံကို လှူဒါန်းသည့် ကိုဗစ်-၁၉ ကုသရေးဆိုင်ရာဆေးပစ္စည်းများ ရောက်ရှိ
DVB
·
August 16, 2021
အိန္ဒိယက မြန်မာနိုင်ငံကို လှူဒါန်းသည့် ကိုဗစ်-၁၉ ကုသရေးဆိုင်ရာဆေးပစ္စည်းများ ရောက်ရှိ
Donate to DVB

အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို လှူဒါန်းတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးပစ္စည်းတွေ ရောက်ရှိလာခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အိန္ဒိယအစိုးရက ပထမအသုတ်အနေနဲ့ လှူဒါန်းတဲ့ ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေထဲ မှာတော့ Oxygen Concentrator (၅၁) လုံး၊ Pulse Oximeter (၉၀၀) ခု၊ Patient Monitor (၁၀) ခု၊ Surgical Mask (၃၀၀,၀၀၀) ခု၊ Nasal Oxygen Cannula (၂၅,၀၀၀) ခု၊ Rapid Antigen Test Kit (၁၈,၀၀၀) ခု၊ Body Bag (၃၈၅) ခုနဲ့ PPE Coverall (၁၇၆၀) ခုစတဲ့ ပစ္စည်းတန်ချိန် ၅ တန်ကျော် ပါဝင်ပြီး ဩဂုတ် ၁၅ ရက်က မြန်မာ့အမျိုးသားလေကြောင်းလိုင်း(MNA) ကယ်ဆယ်ရေးလေယာဉ်နဲ့ ရန်ကုန်မြို့ကို ရောက်ရှိလာတာလို့ ဆိုပါတယ်။

လတ်တလော မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူပေါင်း ၃၅၄,၂၇၉ ယောက်၊ သေဆုံးသူ စုစုပေါင်း ၁၃,၂၆၃ ယောက် ရှိနေခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံ တွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို တော့ မသိနိုင်သေးပါဘူး။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူရုံးပိတ်ရက် အဖြစ် ဩဂုတ် ၂၂ ရက်အထိကိုလည်း တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာထားပါတယ်။

နိုင်ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၁၁၀  မြို့နယ်ကိုလည်း Stay At Home မြို့နယ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013