DVB Logo
Home
မြန်မာသတင်း
နွေဦးတော်လှန်ရေးအလှူ အားလုံးပါဝင်ရန် ဆေးနှင့် နည်းပညာကျောင်း သားသမဂ္ဂများ နှိုးဆော်
DVB
·
August 16, 2021
နွေဦးတော်လှန်ရေးအလှူ အားလုံးပါဝင်ရန် ဆေးနှင့် နည်းပညာကျောင်း သားသမဂ္ဂများ နှိုးဆော်
1 / 3
Donate to DVB

စစ်အာဏာရှင်ဆန့်ကျင်နွေဦးတော်လှန်ရေးလှုပ်ရှားမှု အရှိန်မြှင့်ဖို့ အားလုံးပါဝင်လှူဒါန်းကြဖို့ ရန်ကုန်မြို့၊ ဆေးတက္ကသိုလ် ၁ နဲ့ နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂတွေက နှိုးဆော်ထားပါတယ်။

ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်မယ့် နွေဦးတော်လှန်ရေးလှုပ်ရှားမှုဟာ ရဲရဲတောက် လက်နက်ကိုင် တော်လှန်ရေးအသွင် တစတစ ကူးပြောင်းလာနေပြီဖြစ်ကာ တော်လှန်ရေးတထစ်ချ အောင်မြင်စေဖို့အတွက် တောထဲတောင်ထဲ မိုးထဲ လေထဲမှာ စခန်းချ လေ့ကျင့်ပြင်ဆင်နေကြတဲ့ သူရဲကောင်းလူငယ်တွေဟာ မြို့နေပြည်သူလူထုရဲ့ အထောက်အပံ့၊ အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ပြည်သူလူထုတရပ်လုံးရဲ့ ၈၈၈၈ အရေးတော်ပုံထဲက မပြီးဆုံးခဲ့တဲ့ အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကို လောင်ကျွမ်းပြာချမယ့် တော်လှန်ရေးမီးတောက်ကို ပိုမို အရှိန်မြင့်တောက်လောင်စေဖို့ လောင်စာထည့်ချင်သူတွေအနေနဲ့ ဒီ "Revolution Fuel Campaign" မှတဆင့် ကူညီထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုကိုတော့ ဩဂုတ် ၁၂ ရက်ကနေ ၁၉ ရက်နေ့အထိ တပတ်တိတိ ပြုလုပ် သွားမှာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေကို ကူညီထောက်ပံ့လိုတဲ့ မိဘပြည်သူတွေ အနေနဲ့ သက်ဆိုင်ရာ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ချက်ဘောက်စ်ကတဆင့် လာရောက်ဆက်သွယ် လှူဒါန်းကြဖို့ ဖိတ်ခေါ်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တဲ့ ကာလဟာ ၆ လခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း ဖြိုခွင်းမှုတွေကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၇၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၇,၀၀၀ ကျော်ထိ ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013