DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ် အောင်မင်္ဂလာရပ်ကွက်က ပရဟိတ တဖွဲ့လုံး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
August 16, 2021
ရေးမြို့နယ် အောင်မင်္ဂလာရပ်ကွက်က ပရဟိတ တဖွဲ့လုံး ကိုဗစ်-၁၉ ကူးစက်ခံရ
1 / 5
Donate to DVB

မွန်ပြည်နယ်  ရေးမြို့နယ် ကိုဗစ်လူနာတွေနဲ့ သေဆုံးသွားသူတွေကို ရှေ့တန်းက ကူညီပေးနေတဲ့  အောင်မင်္ဂလာရပ်ကွက်က လူငယ်ပရဟိတအဖွဲ့ဝင်အားလုံး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရထားတယ်လို့  မြို့ခံပရဟိတသမားတဦးက ပြောပါတယ်။

ပရဟိတအဖွဲ့ဝင် ၈ ဦးအား သြဂုတ် ၁၆ ရက်နေ့  စစ်ဆေးရာမှာ ရောဂါပိုးတွေ့ခဲ့တာဖြစ်ပြီး မြို့ပေါ်ရပ်ကွက် နဲ့ နယ်ကျေးရွာပါမကျန် ကိုဗစ် လူနာတွေနဲ့ ထိတွေ့လူနာတွေအပြင် သေဆုံး လူနာတွေကို နေ့စဉ်နဲ့အမျှနေ့ရောညပါ ရှေ့တန်းကနေ ပါဝင်ကူညီပေးနေတာလို့ ဆိုပါတယ်။

အခုလို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတာကြောင့် ပရဟိတလုပ်ငန်းကို ခေတ္တရပ်နားထားမယ်လို့  ပရဟိတအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံရခဲ့ရတဲ့ အောင်မင်္ဂလာရပ်ကွက်က ပရဟိတအဖွဲ့ဝင်အားလုံးကို ကုသရေးစင်တာမှာ ထားရှိပြီး လက်ရှိအခြေနေမှာ အားလုံးက ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။

ရေးမြို့နယ်တွင်  ပရဟိတအဖွဲ့ ပေါင်း အနည်းဆုံး ၁၀ ဖွဲ့ လောက်ရှိပြီး အောင်မင်္ဂလာရပ်ကွက်က လူငယ်ပရဟိတအဖွဲ့ဝင်အားလုံး ပိုးကူးစက်ခံထားရတာပါ။

ရေမြို့နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ  ဒီနေ့အထိ ၁၁၁၈ ဦးနဲ့ သေဆုံးသူ ၉၆ ဦးရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013