Home
မြန်မာသတင်း
မြဝတီမြို့က စားဝတ်နေရေးခက်ခဲသည့် အခြေခံပြည်သူများအတွက် စားသောက်ကုန်များ လှူဒါန်း
DVB
·
August 16, 2021
238903591_509106736856130_7201427987753302077_n
238263639_312227997324072_2697756230548585880_n
238243120_1274747042985224_3759961735241144715_n (1)
237302384_2733855136906084_3627069343459386900_n
238903652_161898299416837_8966567459512466972_n
238838912_1804166213103626_7281713502633580149_n
238502571_1815363021998086_7631926544347162125_n
238421003_586886378989702_7623081288916722621_n
238317021_1475480489485595_4079162279583197_n
234779776_626721848293899_5125709433709741235_n
232981133_880092856259232_8004539133038086749_n
230537911_867824047484200_3344744772484644623_n

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ကိုဗစ်-၁၉ ကပ်ဘေးကာလ အလုပ်လက်မဲ့ဖြစ်နေသူတွေနဲ့ စားစရာအခက်အခဲတွေ့နေတဲ့ အခြေခံပြည်သူတွေအတွက် ဆန်၊ ဆီ၊ ကြက်ဥနဲ့ တခြားစားသောက်ကုန်တွေကို စီးပွားရေးသမားတွေနဲ့ အဖွဲ့အစည်းတွေက  သြဂုတ် ၁၆ ရက်မှာ လှူဒါန်းခဲ့ပါတယ်။

မြဝတီမြို့ အမှတ်(၃)ရပ်ကွက်မှာ စက်သုံးဆီဆိုင်ပတ္တမြားမယ်မိသားစုက အိမ်ခြေ ၁ဝဝဝ အတွက် ဆန် ၅ ပြည်အိတ် ၁ဝဝဝ  လှူဒါန်းပေးခဲ့ပါတယ်။ ဗိုလ်မှူးကြီးစောချစ်သူမိသားစုကိုအမှူးထားပြီး ကရင်နယ်ခြားစောင့်တပ်ကလည်း မြဝတီမြို့အမှတ် (၅)ရပ်ကွက်နေ  အိမ်ထောင်စု ၅၅၀ အတွက် ဆန်၊ ဆီ၊  ငါးသေတ္တာ၊ ကြက်သွန်၊  အာလူး နဲ့ Mask တွေ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။

မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ မြန်မာနိုင်ငံ ဒေသအသီးသီးမှ လာရောက်လုပ်စားသူတွေလည်း အများအပြားနေထိုင်နေကြပြီး ကိုဗစ်-၁၉ ရောဂါ အခြေအနေ ကြောင့် အလုပ်အကိုင်ရှားပါး အလုပ်လက်မဲ့ဖြစ်နေကြကာ မိသားစုတွေ စားဝတ်နေရေး အခက်ခဲများစွာ ကြုံနေကြတာဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024