DVB Logo
Home
မြန်မာသတင်း
MICS ခေါင်းဆောင် ဦးသက်နှင်းအောင်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆို
DVB
·
August 16, 2021
MICS ခေါင်းဆောင် ဦးသက်နှင်းအောင်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆို
Donate to DVB

အလုပ်သမားအဖွဲ့ချုပ် MICS ခေါင်းဆောင် ဦးသက်နှင်းအောင် အဖမ်းခံထားရကြောင်း အဖွဲ့ချုပ်တာဝန်ရှိသူတွေက အတည်ပြုလိုက်ပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသဂ္ဂများအဖွဲ့ချုပ် MICS - TuSF ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်ကို စစ်ကောင်စီက ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတယ်လို့ အဖွဲ့ချုပ် အတွင်းရေးမှူး(၁)ဦးနေလင်းအောင်က ပြောပါတယ်။ 

ဦးသက်နှင်းအောင်ကို ပြန်လွှတ်ပေးဖို့ အလုပ်သမားအဖွဲ့ချုပ် MICS က ဩဂုတ်လ ၁၅ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်တောင်းဆိုထားတာပါ။

ဦးသက်နှင်းအောင်ဟာ စစ်အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီလကတည်းက ထွက်ပြေးတိမ်းရှောင်နေရသူဖြစ်ပြီး အဖမ်းခံရတယ်ဆိုတာကို ဇူလိုင်လကုန်ပိုင်းက အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

အလုပ်သမားသဂ္ဂများအဖွဲ့ချုပ် MICS - TuSF အတွင်းရေးမှူး (၁) ဦးနေလင်းအောင်က “မြဝတီမှာ အဖမ်းခံရပြီး စစ်ကြောရေးကနေ အင်းစိန်ထောင်ပို့ထားတယ်လို့သိရတယ်။ အခုထိတော့ အဆက်အသွယ်မရသေးဘူး” လို့ ပြောပါတယ်။

အဖမ်းမခံရခင် ဇွန်လအတွင်းမှာ ဦးသက်နှင်းအောင်ရဲ့အိမ်ကို ဝင်ရောက်ရှာဖွေခဲ့လို MICS-TuSF မန္တလေးရုံးနဲ့ ရန်ကုန်ရုံးတို့ကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး ရုံးတွင်းစာရွက်၊ စာတမ်းတွေနဲ့ ကွန်ပြူတာပစ္စည်းတွေကို သိမ်းယူကာ ရုံးတွေကို စစ်ကောင်စီကသော့ခတ်သွားတယ်လို့ ဆိုပါတယ်။

ဦးနေလင်းအောင်က "ရှေ့နေကနေတဆင့် ကျနော်တို့တွေ့ခွင့်ရဖို့ကြိုးစားနေပါတယ်။ ဒါပေမယ့်တွေ့ခွင့်မရသေးဘူး။ ကျနော်တို့ကြားထားတာကတော့ ၅၀၅(ခ)၊ ၁၇(၁) တွေနဲ့ စွဲထားတယ်လို့ကြားရပါတယ်။ တိတိကျကျတော့မသိရသေးဘူး။ ကျနော် တို့လည်း မတွေ့ရသေးတဲ့အတွက် စုံစမ်းနေတုန်းပဲခင်ဗျ" လို့ ပြောပါတယ်။

MICS-TuSF ဟာ မြန်မာနိုင်ငံမှာ တရားဝင်ဖွဲ့စည်းခွင့်မှတ်ပုံတင်ရရှိထားတဲ့ အလုပ်သမားအဖွဲ့ချုပ် ၄ ခုထဲက တစ်ခုဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ပူးပေါင်းပြီး အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင် ယန္တရားမှာ မပါဝင်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။ 

ဦးသက်နှင်းအောင်ကို ဖမ်းဆီးတာဟာ အလုပ်သမားအဖွဲ့ချုပ် ၄ ခုထဲက ထိပ်တန်းခေါင်းဆောင်တစ်ယောက်ကို စစ်ကောင်စီက ပထမဆုံး ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013