DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းမြို့နယ်၌ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ဖွင့်လှစ်ကာ ငွေ‌တောင်းနေ
DVB
·
August 15, 2021
ဟုမ္မလင်းမြို့နယ်၌ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ဖွင့်လှစ်ကာ ငွေ‌တောင်းနေ
Donate to DVB

စစ်ကိုင်းတိုင်း‌၊ ဟုမ္မလင်းမြို့နယ်၊ နတ်နန်းကျေးရွာမှာ မြို့နယ်ဌာနပေါင်းစုံ ပူးပေါင်းဖွင့်တဲ့ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်က  ပိုး ရှိ၊မရှိ Test kits နဲ့ အမြန် စစ်ဆေးကာ ငွေအဆမတန် တောင်းခံနေ တယ်လို့ နတ်နန်းရွာသားတွေက ပြောပါတယ်။

“နတ်နန်းရွာ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်မှာ နှာခေါင်းတို့ဖတ်၊ ၊Test Kits နဲ့အစစ်ခံရ တယ်။ မစစ်ချင်လည်း အတင်းအကျပ် စစ်ခိုင်းတယ်။ ခရီးသွားတွေ မစစ်ချင်တာက တစ်ခါစစ် ၂ သောင်းခွဲ တောင်းတာကြောင့်” လို့ နတ်နန်းဂိတ်မှာ အစစ်ခံပြီး ငွေပေးဆောင်ခဲ့ရတဲ့သူ တစ်ဦးကပြောပါတယ်။

လတ်တလော နတ်နန်းဂိတ်ကို ရှောင်သွားလို့ မရတဲ့အတွက် ဒေသခံတွေ ဒုက္ခရောက်နေပြီး ဂိတ်က ဖြတ်သန်းသွားလာသူတွေ ဆေးစစ်ချင်ချင် မစစ်ချင်ချင် တစ်ယောက် ကျပ် ၂ သောင်းခွဲပေးရကြောင်း၊ ရွာနားက ဆိုင်းကယ်သမားတွေဆိုလည်း ထောက်ချက် မပါပါက ဒဏ်ငွေ ကျပ် ၅၀၀၀ ဆောင်ခိုင်းတယ်လို့ သူက ဆက်ပြောပါတယ်။

အခုလိုကာယကံရှင် ဆန္ဒမပါဘဲ အတင်းအကျပ်ပြုလုပ်နေတဲ့ နတ်နန်းရွာ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်မှာ နတ်နန်းစျေးတန်း၊ ပင်းဖာဖာ၊ မှိုတောက်၊ ဝေဟင်ကကျေးရွာတွေက ဒေသခံတွေ လာရောက် စောင့်ပေးကြရပြီး ဂိတ်မစောင့်နိုင်တဲ့ မိသားစုကိုလည်း မြို့နယ်တာဝန်ရှိ သူတွေက ဒဏ်ကြေးဆောင်ခိုင်းတာတွေ ရှိနေတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013