DVB Logo
Home
နိုင်ငံရေး
ဒေါ်အောင်ဆန်းစုကြည် ကာတာ ကျန်းမာရေးညီလာခံတက်ရောက်မိန့်ခွန်းပြော
DVB
·
December 10, 2013
ဒေါ်အောင်ဆန်းစုကြည် ကာတာ ကျန်းမာရေးညီလာခံတက်ရောက်မိန့်ခွန်းပြော
Donate to DVB

ကာတာနိုင်ငံ ဒိုဟာမှာ ကျင်းပနေတဲ့ ကမ္ဘာ ကျန်းမာရေး ဆန်းသစ် တီထွင်မှု ဆိုင်ရာ ထိပ်သီး ညီလာခံမှာ (WISH) ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဆွေးနွေးနေပါတယ်။

ကမ္ဘာ တလွှား ကျန်းမာရေး စောင့်ရှောက်မှု မြင့်တင်ရေးရဲ့ပမာဏ ခြေလှမ်းအဖြစ် ရည်ရွယ် လုပ်ဆောင်နေတဲ့  ဒီဇင်ဘာ ၁၀ ရက်နေ့ ကမ္ဘာ့ ကျန်းမာရေး ဆန်းသစ်ထီထွင်မှု ဆိုင်ရာ ထိပ်သီးညီလာခံ ဖွင့်ပွဲမှာ  အခမ်းအနားမှူး ဂျိုနသန် ဒင်ဗလီဘိုင်က အခမ်းအနားဖွင့်ပွဲနဲ့ ပတ်သက်ပြောဆိုနေတဲ့  အသံတွေကို ကြားနေရတာ ဖြစ်ပါတယ်။

DSSK KATARနှစ်စဉ် ဒိုဟာမှာ ကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ အစိုးရ၊ စီးပွားရေးခေါင်းဆောင်၊ ပညာရှင်နဲ့ ကိုယ်စားလှယ် ၅၀၀ကျော်  တက်ရောက်ပြီး ရင်ဆိုင်နေရတဲ့ ကမ္ဘာကျန်းမာရေး စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေကို ဆွေးနွေးကြ တာ ဖြစ်ပါတယ်။

ဒီနှစ်ဆွေးနွေးပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဥက္ကဌ  ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်တက်ရောက်နေပြီး မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှာက်မှုစနစ် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ စိန်ခေါ်မှုတွေအကြောင်း   ဆွေးနွေးဖို့ ရှိနေပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ ဗွီဒီယိုကလစ်မှာတော့  ဒေါ်အောင်ဆန်းစုကြည်က ဘ၀ရဲ့ အခြေခံလိုအပ်ချက်တွေ ကင်းမဲ့တဲ့အတွက် လူတွေက မခံစားသင့်ဘူးလို့ ပြောပါတယ်။

“ဘ၀က အခြေခံ လိုအပ်ချက်တခုကတော့ ကျန်းမာရေး ကောင်းဖို့လို့ ထင်ပါတယ်။ ဒီလိုပြည်ပက ညီလာခံနဲ့ ဖိုရမ်မျိုးတွေကို သွားတိုင်း တခြားသူတွေဆီကနေ လေ့လာသင်ယူဖို့ မျှော်လင့် ထားသလို အရင်က မတွေးခဲ့ဖူးတဲ့အရာတွေလည်း အများကြီး လေ့လာခွင့်ရပါတယ်။ ဒါက ကျမတို့ တိုင်းပြည်တခုထဲသာမက နိုင်ငံသူနိုင်ငံသားတွေကို ကောင်းမွန်တဲ့ ဘ၀အတွက် ရုန်းကန်နေတဲ့ တခြားတိုင်းပြည်တွေလည်း ကွဲပြားမှုတွေ အများကြီး ပေးပါပါတယ်။”

ဒီဆွေးနွေးပွဲကိုတက်ရောက်ဖို့  ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အန်အယ်လ်ဒီ ပါတီက ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မိုးညိုလည်း လိုက်ပါသွားတာပါ။ ဒါ့ပြင်  သီတဂူ ဆရာတော် အရှင်ဥာဏိဿရနဲ့  အန်အယ်လ်ဒီ ကျန်းမာရေးကွန်ယက်က ဒေါက်တာ တင်မျိုးဝင်း တို့ တက်ရောက်ကြမယ်လို့လည်း အစောပိုင်းက သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ကာတာပညာရေး သိပ္ပံနဲ့ လူမှု ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က  WISH အဖွဲ့ကို စုစည်း တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013