DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် လူ့အခွင့်အရေးနေ့ လူထု ထောင်ချီတက်
DVB
·
December 10, 2013
ကချင်ပြည်နယ် လူ့အခွင့်အရေးနေ့ လူထု ထောင်ချီတက်
1 / 2
Donate to DVB

ဒီနေ့ကျရောက်တဲ့ ၆၅ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့ပြီး လူပေါင်းထောင်ချီ တက်ရောက် ခဲ့ပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ရန်ကုန်အပါအ၀င် မြို့ကြီးအတော်များများ ကျင်းပနေပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာတော့ နောင်နန်း ကျမ်းစာသင်ကျောင်းရှိ အေဒီ ၂၀၀၀ ခန်းမမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

[caption id="attachment_48150" align="alignright" width="300"]ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်းအား တွေ့မြင်ရစဉ် ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်းအား တွေ့မြင်ရစဉ်[/caption]

သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်လာပြီးနောက် မြန်မာတနိုင်ငံလုံးမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အမြင့်ဆုံးဖြစ်နေတဲ့ ကချင်ပြည်နယ်မှာ ဒီပွဲဟာ ဒုတိယအကြိမ် လူ့အခွင့်အရေး နေ့ ကျင်းပတာလို့ ဦးဆောင်ပါဝင်သူ တဦးဖြစ်တဲ့ ကိုမုန်ဒန်က ပြောပါတယ်။

“ပွဲကျင်းပရခြင်းရဲ့ ရည်ရွယ်ချက် ၃ ချက်ရှိပါတယ်။ တခုကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ အခုအချိန်အထိ နှောင့်ယှက်မှုတွေ ရှိသေးတယ်။ ပြည်သူတွေအနေနဲ့ လူ့အခွင့်အရေးကို ပြောဆိုဆွေးနွေးတာဟာ ဥပဒေ ချိုးဖောက်တာမဟုတ်ဘူး။ ကိုယ်နဲ့ သက်ဆိုင်တဲ့ဟာ ပြောဆိုခွင့်ရှိတယ်ဆိုတာကို သိရှိနားလည်ဖို့၊ နောက်တချက်ကတော့ ကချင်ပြည်နယ်မှာ ရှိတဲ့ လူ့အခွင့်အရေးနဲ့ သက်ဆိုင်လှုပ်ရှားမှုတွေမှာ ကျွမ်းကျင်ဖို့ရယ်၊ ကာကွယ်ဖို့ အပိုင်းတွေမှာ ကချင်ပြည်နယ်မှာရှိတဲ့ အာဏာပိုင်တွေနဲ့ လူထုအခြေပြုအဖွဲ့တွေကြား အချင်းချင်းနားလည်မှုတွေ တိုးလာအောင်ရယ်။ အခုလို အခမ်းအနားလုပ်တဲ့ အခါကျတော့ လူ့အခွင့်အရေးကို ရေးလာမယ်။ လူ့အခွင့်အရေးကို သိမြင်လာမယ်။ လူ့အခွင့်အရေးကို ပိုပြီးယုံကြည်လာမယ်။ ယုံကြည်လာရင် ကိုယ့်အခွင့်အရေးကို ကိုယ်တိုင် ကာကွယ်လာနိုင်မယ် ထင်တဲ့အတွက် ဒီအခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါတယ်။”

ဒီအခမ်းအနားကို ကချင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်း ၁၂ ဖွဲ့က ပူးပေါင်း လုပ်ဆောင်တာဖြစ်ပြီး ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်၊  မြန်မာနိုင်ငံလူ့ အခွင့်အရေးကော်မရှင်က လဖိုင်ဇော်ဂွမ်းနဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမြအေးတို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေးကတော့ ကချင်ပြည်နယ်အတွင်းက လူ့အခွင့်ရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အလို ဝေဖန်ပြောဆိုပါတယ်။

“ကချင်ပြည်နယ်မှာက စစ်ရှိနေတော့ စစ်ဘေးဒုက္ခသည်တွေကိုယ်တိုင်က လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာပဲလေ။ ဖမ်းချင်တိုင်း ဖမ်းတယ်။ ထောင်ထဲကို ထည့်ချင်တိုင်း ထည့်တယ်။ ကမ်ဖဲရွာဆိုရင်လည်း အောင်မြင်သာဘက်ကို ပြောင်းပေမယ့်လည်း ဘယ်လိုမှ အခြေပြုလို့မရတဲ့ အခြေအနေတွေ၊ လက်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးက ကြိမ်းမောင်း အော်ဟစ်နေတဲ့ဟာတွေ အကုန်လုံး ကြားနေရတာပဲ။ တပြည်လုံးအတိုင်းအတာနဲ့ ပြောမယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ပြည်နယ်တွေထဲမှာ တခု ပါနေတာပေါ့ဗျာ။ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတဲ့ဟာက ကျနော်တို့ နိုင်ငံမှာက တောက်လျှောက်ရှိနေတာပဲ။ အထူးသဖြင့် စစ်ဖြစ်တဲ့ ဒေသတွေမှာ ပိုဆိုးတယ်။ လူသားအချင်းချင်းမှာ လက်နက်ရှိသူနဲ့ လက်နက်မဲ့သူ ကြားမှာ လက်နက်ရှိတာတခုတည်းနဲ့ ဗိုလ်ကျစိုးမိုးတဲ့ ကိစ္စတွေ ရှိနေသမျှ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဦးမှာပဲ၊ မတရား ဖိနှိပ်မှုဆိုတာလည်း ရှိနေမှာပဲ။ အဲဒါတွေ ပျောက်သွားဖို့က စစ်တွေ ချုပ်ငြိမ်းဖို့ လိုမယ်။ စစ်ကို ချုပ်ငြိမ်းအောင် ဘယ်လို နည်းလမ်းရှာကြမလဲ။ တိုင်းရင်းသားတွေရဲ့ တန်းတူအခွင့်အရေးကို ဖော်ဆောင်ပေးဖို့လိုမယ်။ အဲဒီနည်းလမ်းတွေကို ၀ိုင်းဝန်းရှာဖို့ပဲ ကျနော်တို့ ကြိုးစားချင်တယ်လို့ ပြောချင်ပါတယ်။”

ပြီးခဲ့တဲ့နှစ် ၂၀၁၂ ခုနှစ် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ကို မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမမှာ ကျင်းပခဲ့ပပါတယ်။ ဒီနှစ်မှာလည်းမနောကွင်းရှိ မဂျွယ်ခန်းမမှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ကချင်ပြည်နယ် အစိုးရက ခွင့်မပြေုတဲ့အတွက် နောင်နန်း ကျမ်းစာသင် ကျောင်းရှိ အေဒီ ၂၀၀၀ ခန်းမ ဆောင်မှာ ကျင်းပတာလို့ ပွဲစီစဉ်သူက ပြောပါတယ်။

အလားတူ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲတွေ ဆွေးနွေးပွဲတွေကို ရန်ကုန်၊  မကွေး၊ ကသာ၊ လွိုင်ကော်၊ သာဂရ၊ ဥသျှစ်၊ ပေါင်၊ ကလေး စတဲ့မြို့တွေမှာလည်း လူ့အခွင့်အရေးလှုပ်ရှားသူတွေ နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပူးပေါင်း ကျင်းပသွားပါတယ်။

ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ၂၀၁၃ ခုနှစ် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ဆောင်ပုဒ်ကတော့   “20 Years WORKING FOR YOUR RIGHTS'' သင့်အခွင့်အရေးအတွက် ကြိုးပမ်းလုပ်ဆောင်ပါ ဆိုတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013