DVB Logo
Home
မြန်မာသတင်း
မြောက်ဦးပဋိပက္ခတွင် ပါဝင်သူများကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်
DVB
·
December 10, 2013
မြောက်ဦးပဋိပက္ခတွင် ပါဝင်သူများကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်ခဲ့သူ ၂ ဦးကို လူသတ်မှုနဲ့  အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ပါတယ်။

[caption id="attachment_48146" align="alignright" width="300"]ပြီးခဲ့တဲ့ နှစ်က သံတွဲ အကြမ်းဖက်မှုကြောင့် မီးလောင်မှု မြင်ကွင်း ပြီးခဲ့တဲ့ နှစ်က သံတွဲ အကြမ်းဖက်မှုကြောင့် မီးလောင်မှု မြင်ကွင်း[/caption]

ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ရခိုင်တိုင်းရင်းသားတွေကို ဒီဇင်ဘာ ၉ ရက်မှာ စစ်တွေ ခရိုင်တရားရုံးက   အခုလို  ပြစ်ဒဏ်ချမှတ်လိုက်တာလို့ တရားစွဲခံရသူတွေဘက်က အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့  တရားလွှတ်တော်  ရှေ့နေ ဒေါ်အေးနုစိန်က  ပြောပါတယ်။

“မောင်သန်းလွင်နဲ့ မောင်ကျော်လှိုင်ကိုက ထောင်ဒဏ် ၁၀ နှစ် ချမှတ်တယ်။ နောက် စောဖြူကို ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်တဲ့အတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်တယ်။ အခု အမှုရင်ဆိုင်ရတာက ၇ ယောက် အသုတ်နဲ့ ၈ ယောက် အသုတ်။ ၇ ယောက် အသုတ်မှာ ၅ ယောက်က လွတ်သွားတယ်။ ၂ ယောက်က ၁၀ နှစ်ဆီ ထောင်ဒဏ်ကျတယ်။ ၈ ယောက်အမှုမှာကျတော့ ၇ ယောက်က လွတ်သွားတယ် စောဖြူကိုတော့ ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်တဲ့အတွက် ထောင် ၂ နှစ်ချမှတ်လိုက်တယ်။”

ပြစ်ဒဏ်ကျခံရသူတွေအတွက်  အယူခံဝင်သွားမယ်လို့လည်း ပြောပါတယ်။

ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း မြောက်ဦးမြို့နယ်၊ ယိုင်သည်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်ခဲ့သူတွေဖြစ်ပါတယ်။ ဒီပဋိပက္ခဟာ ရခိုင်ပြည်နယ်အတွင်း ဒုတိယအကြိမ် ဖြစ်ပွားတဲ့ ပဋိပက္ခတွေထဲက လူသေဆုံးမှု အများဆုံးဖြစ်ပြီး ၅၂ ဦး သေဆုံးခဲ့တာပါ။

၂၀၁၂ ခုနှစ် ဇွန်လဆန်းက စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွေကြောင့်  ၂၁၁ ဦး သေဆုံးပြီး ၂၇၀ ဒဏ်ရာရရှိခဲ့ပါတယ်။

ဖြစ်စဉ်တွေမှာ ပါဝင်ကျူးလွန်ကြသူတွေကို  အမှု ၂၇၉ မှုတရားစွဲတင်ပြီး တရားခံ ၁၁၈၉ ဦးနဲ့ တူမီးလက်နက် ၉၇၇ လက်တို့ကို  ဖော်ထုတ်အရေးယူခဲ့ကြောင်း၊ အဲဒီအမှုတွေထဲက အမှု ၁၉၅ မှုနဲ့ တရားခံ ၅၀၇ ဦးကို ပြစ်ဒဏ်ချမှတ်နိုင်ခဲ့တယ်လို့ ၂၀၁၃ ခုနှစ် ဖူလိုင်လအတွင်း အစိုးရရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013