DVB Logo
Home
မြန်မာသတင်း
ရွှေဘိုမြို့ရှိ အိမ်ခြေ ၄၀၀၀ခန့်ကို Rescue-Shwebo နှင့်စက်ဘီးစီးလူငယ်အဖွဲ့တို့ ကုန်စိမ်းဝေငှ
DVB
·
August 14, 2021
ရွှေဘိုမြို့ရှိ အိမ်ခြေ ၄၀၀၀ခန့်ကို Rescue-Shwebo နှင့်စက်ဘီးစီးလူငယ်အဖွဲ့တို့ ကုန်စိမ်းဝေငှ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ဩဂုတ် ၁၄ ရက်မနက်ပိုင်းက Myanmar Rescue Organization-Shwebo နဲ့ စက်ဘီးစီးအဖွဲတို့ ပူပေါင်းပြီး ရပ်ကွက် ၅ ခုက အိမ်ထောင်စု ၄၀၀၀ ကျော်ကို ခရမ်းချည်သီး၊ မုန်လာထုပ်စတဲ့ စားသောက်ကုန်စိမ်းတွေ ဝေငှခဲ့ကြပါတယ်။

“ဝေပေးတာကတော့ အမှတ် ၁၊ ၉၊ ၁၀၊ ၄၊ ၅ ရပ်ကွက်တွေကိုပါ။ ခရမ်းချဉ်သီး၊ မုန်လာထုပ်၊ ပန်းမုန်လာ၊ ဂေါ်ရခါးသီးတွေကို ဝေပေးတာပါ။ အခုထိ ဆက်ဝေနေဆဲပါ။ နောက်ထပ်လည်း ဆက်ဝေဖို့ အစီအစဉ်တွေ ရှိပါတယ်”လို့ Myanmar Rescue Organization-Shwebo တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်တတိယလှိုင်းဒဏ်ကို အလူးအလဲခံနေ ကြရတာဖြစ်လို့ အလုပ်အကိုင်အခက်အခဲတွေနဲ့ ရင်ဆိုင်နေတဲ့အတွက် ပြည်သူမှ ပြည်သူသို့ အစီးအစဉ်တွေလုပ်ပြီး ရပ်ကွက်တစ်ခုစီကစပြီး တမြို့လုံးအဆုံး နိုင်ရာနိုင်ရာ ပြည်သူအချင်းချင်း မျှဝေကူညီနေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013