
မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ရွာသစ်ကျေးရွာက အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သြဂုတ် ၁၃ ရက်၊ည ၇ နာရီခွဲလောက်မှာ ရေး PDF က သေနတ်နဲ့ သတိပေးပစ်ခဲ့တာကြောင့် ပေါင်မှာ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
သေနတ်ပစ်ခံရတဲ့သူကိုတော့ ရေးမြို့ ပြည်သူ့ဆေးရုံကို အရေးပေါ်ကုသပေးနေပြီး အခင်းဖြစ်ပွားပြီးတဲ့နောက် စစ်တပ်က ရောက်ရှိလာပြီး ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီကို ထောက်ကူပေးနေတဲ့ မည်သူမဆို သတိထားကြဖို့နဲ့ စစ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် ဝန်ထမ်းအားလုံး လက်ရှိတာဝန်ကနေ နုတ်ထွက်ကြပြီး CDM လုပ်ကြဖို့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က သတိပေးလိုက်ပါတယ်။
စစ်ဆင်ရေးလှုပ်ရှားတာတွေကို မကြာခင်စတင် သွားမှာဖြစ်ပြီး အများပြည်သူထိခိုက်မယ့် နေရာတွေကို ပြုလုပ်မှာ မဟုတ်ဘဲ ပြောက်ကျားစနစ်နဲ့ တိုက်ပွဲဆောင်ရွက်ေယ်လို့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ဇူလိုင် ၃၀ ရက်မှာ ပြည်သူတွေကို အသိပေးပြောဆိုထားပါတယ်။