DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့်ဂျပန် ပူးပေါင်းပြီး ရန်ကုန် စတော့အိတ်စ်ချိန်း ထူထောင်မည်
DVB
·
December 10, 2013
မြန်မာနှင့်ဂျပန် ပူးပေါင်းပြီး ရန်ကုန် စတော့အိတ်စ်ချိန်း ထူထောင်မည်
Donate to DVB

ပြည်တွင်းမှာ ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းတွေ ပေါ်ထွက်လာဖို့ အတွက် မြန်မာအစိုးရနဲ့ ဂျပန်နိုင်ငံ ဒိုင်ဝါကုမ္ပဏီတို့က အကျိုးတူ ရင်းနှီးမြုပ်နှံပြီး ရန်ကုန်စတော့အိတ်စ်ချိန်းဈေးကွက်ကို ထူထောင်သွားမယ်လို့ မြန်မာငွေချေး သက်သေခံလက်မှတ် ရောင်းဝယ်ရေးစင်တာက ပြောပါ တယ်။

မြန်မာနိုင်ငံအနေနဲ့  အာဆီယံစီးပွားရေးအသိုက်အ၀န်း (အေအီးစီ) သဘောတူညီချက်အရ လာမည့် ၂၀၁၅ ခုနှစ်ကျရင်  နိုင်ငံတကာ အဆင့်မီ စတော့အိတ်စ်ချိန်းဈေးကွက် ပေါ်ပေါက်လာဖို့ အတွက် အာဆီယံဒေသတွင်းနိုင်ငံတွေနဲ့ သဘောတူထားတာ ဖြစ်ပါတယ်။

Myanmar Japan Flagဒါကြောင့် မြန်မာအစိုးရက  ပြည်တွင်းမှာ နိုင်ငံတကာအဆင့်မီ စတော့အိတ်စ်ချိန်း ဈေးကွက် ပေါ်ပေါက်လာဖို့ ဂျပန်နိုင်ငံ ဒိုင်ဝါကုမ္ပဏီနဲ့ မြန်မာနိုင်ငံတော်ပိုင် မြန်မာ့စီးပွားရေး ဘဏ်တို့က ဖက်စပ်အနေနဲ့ ပူးပေါင်းပြီး ရန်ကုန်စတော့ အိတ်စ်ချိန်းဈေးကွက်ကို ထူထောင်သွား မှာ ဖြစ်တယ်လို့ မြန်မာငွေချေး သက်သေခံလက်မှတ်ရောင်း ၀ယ်ရေးစင်တာက အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦးက ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်စတော့ဈေးကွက်မှာ  မြန်မာက ၅၁ ရာခိုင်နှုန်း၊ ဂျပန် ဒိုင်ဝါကုမ္ပဏီက ၄၉ ရာခိုင်နှုန်း အသီးသီး ရှယ်ယာပိုင်ဆိုင်မှုနဲ့ ပတ်သတ်လို့လဲ သဘောတူထားပြီး ဖြစ်ပါ တယ်။ ဒီစတော့ အိတ်စ်ချိန်းဈေးကွက်ကလည်း လာမယ့် ၂၀၁၅ ခုနှစ်မတိုင်မီ ပေါ်ပေါက်လာမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

လက်ရှိ  မြန်မာနိုင်ငံမှာ စတော့အိတ်စ်ချိန်းဈေးကွက် ပေါ်ပေါက်လာဖို့အတွက်  ကနဦးအဆင့်အနေနဲ့ ငွေချေး သက်သေခံ လက်မှတ်ရောင်းဝယ်ရေးဥပဒေကြမ်းကို ယခုနှစ် ဇူလိုင် ၃၁ ရက်နေ့မှာ အစိုးရက ပြဋ္ဌာန်းပေးထားပြီး ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ စတော့ရှယ်ယာတွေကို ရောင်းဝယ်နိုင်တဲ့ဈေးကွက်တခု ၂၀၁၅ ခုနှစ်မှာ အချိန်မီ ပေါ်ပေါက်လာဖို့အရေးနဲ့ ပတ်သတ်ပြီး မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဂျပန်အိတ်စ်ချိန်းလုပ်ငန်းစုကုမ္ပဏီလီမိတက်ဘက်က စိုးရိမ်ပူပန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ဂျပန်အိတ်ချိန်းလုပ်ငန်းစု ကုမ္ပဏီလီမိတက်က  အကြီးတန်းအမှုဆောင်အရာရှိတဦးဖြစ်တဲ့ ကွန်အီချီရို မီယာဟရာ (Koichiro Miyahara)ကတော့  “ကျနော်တို့အနေနဲ့ အချိန်ပေါင်းများစွာ လဲ ဖြတ်သန်းပြီးသွားပါပြီ။ မြန်မာနိုင်ငံမှာ အစုရှယ်ယာတွေကို ရောင်းဝယ်နိုင်တဲ့ အရင်းအနှီး ဈေးကွက် ပေါ်ပေါက်လာဖို့ ကြန့်ကြာနေရတဲ့အကြောင်းရင်းကတော့ မြန်မာအစိုးရက ဒီစီမံကိန်းအပေါ် နှောင့်နှေးမှုတွေ ရှိနေလို့ပါ။  ဒီအတွက် အစိုးရက ဒါကို လျင်မြန်စွာနဲ့ ဘယ်လို လုပ်ဆောင်နိုင်မလဲဆိုတဲ့ကိစ္စကို အဖွဲ့အစည်းတွေနဲ့ ဖြေရှင်းရမှာဖြစ်တယ်။”လို့  insideinvestor ၀က်ဆိုဒ်မှာ ပြောထားပါတယ် ။

ပြည်တွင်းမှာ စတော့အိတ်စ်ချိန်းဈေးကွက် ပေါ်ပေါက်လာပါက  ငွေအရင်းအနှီး လိုအပ်သူတွေနဲ့ ၀ယ်ယူ ရင်းနှီးလိုတဲ့သူတွေအကြားမှာ အခွင့်အလန်းတွေ များစွာရှိလာမယ်လို့ ဦးသက်ထွန်းဦးက ပြောပါတယ်။

“ကုမ္ပဏီက လိုအပ်တဲ့ငွေကြေးကို စတော့တွေ ထုတ်ရောင်းပြီး ရှာမယ်လေ။ ဒီစတော့တွေကို ပြည်သူတွေက ၀ယ်ယူရင်းနှီးမယ်။ ဒီကုမ္ပဏီတွေက အကျိုးအမြတ် ကောင်းရင်ကောင်းသလို ရှယ်ယာအမြတ်တွေကို ပေးနိုင်မယ်။ ရှယ်ယာကိုင်ထားတဲ့သူတွေ အမြတ်ရလို့ လက်ထဲမှာ မထားချင်ဘူးဆိုရင် စတော့ဈေးကွက်မှာ ထုတ်ရောင်းလို့ရတယ်။ ဒါကြောင့်မို့လို့ အရင်းအနှီး လိုတဲ့သူနဲ့ ၀ယ်ယူရင်းနှီးလိုတဲ့သူတွေအတွက် အထောက်အကူပြုတဲ့ နေရာလည်း ဖြစ်ပါတယ်။”

မြန်မာငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေးစင်တာမှာ မြန်မာနိုင်ငံသားများဘဏ်နဲ့ သစ်တောထွက်ပစ္စည်းရောင်ဝယ်ရေးကုမ္ပဏီလီမိတက်တို့က စာရင်းသွင်းပြီး ရှယ်ယာ အရောင်းအ၀ယ် ပြုလုပ်နေပါတယ်။
ငွေချေး သက်သေခံလက်မှတ်ရောင်းဝယ်ရေးစင်တာကို မြန်မာအစိုးရပိုင် မြန်မာ့စီးပွားရေး ဘဏ်နဲ့ ဂျပန်နိုင်ငံက Daiwa Institute of Research ကုမ္ပဏီ လီမိတက်တို့က ရှယ်ယာပိုင်ဆိုင်မှုအနေနဲ့ ၅၀ရာခိုင်နှုန်းစီ အကျိုးတူ ပူးပေါင်းဆောင်ရွ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013