DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားဖြစ် အရက်၊ ဘီယာနှင့် ၀ိုင် ရောင်းချမှု စီးတီးမတ် ရပ်ဆိုင်း
DVB
·
December 10, 2013
နိုင်ငံခြားဖြစ် အရက်၊ ဘီယာနှင့် ၀ိုင် ရောင်းချမှု စီးတီးမတ် ရပ်ဆိုင်း
1 / 2
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်း သာကေတ မြမာလာလမ်းက ဂိုဒေါင်တခုမှာ နိုင်ငံခြားက တင်သွင်း လာတဲ့ ၀ိုင်ပုလင်း ၉ သောင်းနီးပါးနဲ့ အရက်ပုလင်း ၁ ထောင်ကျော် ဖမ်းဆီး စစ်ဆေး ခံနေရတာနဲ့ ဆက်စပ်ပြီး စီးတီးမတ် ဟိုးဒင်းကုမ္ပဏီဟာ သူကုန်တိုက်တွေကနေ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်နဲ့ စီးကရက်အားလုံးကို ဖယ်ရှားလိုက်ပြီး ရောင်းချခြင်းကိုလည်း ရပ်ဆိုင်းထားလိုက်ပါတယ်။

unnamed၁ဆိုင်ခွဲ ၅၀ ၀န်းကျင်ရှိတဲ့ စီးတီးမတ် အရက်နဲ့ ဘီယာကောင်တာတွေမှာ မနေ့ကစ “နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ စီးကရက်နှင့် ၀ိုင်များ ရောင်းချခြင်းကို ခေတ္တ ရပ်ဆိုင်းထားပါသည်။ အဆင်မပြေမှုများအတွက် တောင်းပန်အပ်ပါသည်။” ဆိုတဲ့ စာတန်းလေးတွေ ချိတ်ဆွဲထားတာ တွေ့မြင်ကြရပါတယ်။

အလားတူ မြို့လယ် ဧရိယာတွေမှာ ဖွင့်လှစ်ထားတဲ့ အရက်၊ ဘီယာနဲ့ ၀ိုင် သီးသန့် အရောင်းဆိုင်တွေဟာလည်း နိုင်ငံခြားဖြစ် အရက်၊ ဘီယာနဲ့ ၀ိုင်တွေကို ဖယ်ရှားထားပြီး ၀ယ်သူလာမှ သိုဝှက်ထားတဲ့ နေရာတွေကနေ သွားယူရောင်းချပေးတာမျိုး ပြုလုပ်လာကြပါတယ်။

unnamedအစိုးရဟာ နိုင်ငံခြားကနေ အရက်၊ ဘီယာ၊ ၀ိုင်နဲ့ စီးကရက် တင်သွင်းခွင့်တွေကို အရင် စစ်အာဏာရှင်တွေ လက်ထက်ကတည်းက ပိတ်ပင်ထားခဲ့တာ ဒီနေ့အထိ ဖြစ်ပါတယ်။

ဟိုတယ်တွေရဲ့ တင်ပြချက်နဲ့ သွင်းကုန်လိုင်စင် အနည်းအကျဉ်း ထုတ်ပေးတာကလွဲပြီး ကုန်တိုက်နဲ့ အရောင်းဆိုင်တွေ ရောင်းချသမျှ အားလုံးဟာ မှောင်ခို သွင်းလာတာတွေ ချည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013