DVB Logo
Home
မြန်မာသတင်း
မရမ်းကုန်း အလှပြင်ဆိုင်တခုတွင် မီးလောင်၊ ၇ ဦး သေဆုံး
DVB
·
December 10, 2013
မရမ်းကုန်း အလှပြင်ဆိုင်တခုတွင် မီးလောင်၊ ၇ ဦး သေဆုံး
1 / 2
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဝေဇယန္တာလမ်းမပေါ်က ဂန္ဓမာ လက်ကားအရောင်းကုန်တိုက် တတိယထပ်က Venus Garden Beauty Spa မှာ ဒီဇင်ဘာ ၁၀ ရက်နေ့ အရုဏ်မတက်ခင် မီးလောင်မှုဖြစ်ပွားရာမှာ လူ ၇ ဦး သေဆုံးခဲ့ပါတယ်။

မှန်ခန်းတွင်းမှာ ရှိနေတဲ့ အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၃ ယောက် စုစုပေါင်း ၇ ယောက်အနက် ၆ ယောက်က အခန်းတွင်းမှာ သေဆုံးပြီး ၁ ယောက်က ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။

FIREBURNမီးငြှိမ်းသတ်မှုတွေ လုပ်ဆောင်ပြီးချိန် ၁၀ ရက်နေ့ မနက် ၃ နာရီလောက် ဂန္ဓမာလက်ကား အရောင်းဆိုင်ရှေ့မှာ ဘုရင့်နောင်မီးသတ်စခန်းရဲ့ တာဝန်ခံ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်လင်းဦးက မီးလောင်မှု ဖြစ်ပွားပုံကို အခုလို ပြောပါတယ်။

“စတင်လောင်တဲ့အချိန်ကတော့ ၁၀ ရက်နေ့ မနက် ၁ နာရီကျော်က စလောင်တယ်။ မနက် ၂ နာရီ မထိုးခင်မှာ မီးငြိမ်းသတ်နိုင်ပါတယ်။ ၀ါယာရှော့တော့ မဟုတ်ဘူး။ စလောင်တာကို တိကျမှုရှိအောင် လျှပ်စစ်ဌာနနဲ့ ညှိနှိုင်းနေတုန်းပါ။ သတင်းရ နောက်ကျတယ်။ မ ၃ ဦး ကျား ၄ သေဆုံးသွားတယ် အရွယ်တွေကတော့ ၃၀ ကျော်တွေပါပဲ။”

မရမ်းကုန်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်က “အခင်းဖြစ်ပုံကတော့ မီးသတ်ကို အကြောင်းကြားတော့ ကျနော်တို့လည်း သိသိချင်းရောက်လာပဲ။ မီးသတ်ကားရောက်လာတော့ မီးခိုးတွေနဲ့ မှန်က လုံနေတော့ မှန်တွေဘာတွေ ရိုက်ခွဲပြီး မီးငြိမ်းသတ်ရတယ်။ အလောင်း ၇ လောင်းတွေ့တယ်။ ၆ လောင်းကတော့ မီးလောင်တဲ့ အခန်းထဲမှာပဲ သေတယ်။ ၁ လောင်းကတော့ ဆေးရုံရောက်မှ သေတယ်။ ယောင်္ကျားလေးအလောင်းက ၃ လောင်း၊ အမျိုးသမီးအလောင်းက ၂ လောင်း၊ ကျန်တာက အမျိုးသား အမျိုးသမီး ခွဲခြားလို့မရတဲ့ အလောင်း ၂ လောင်း တွေ့တယ်။ မီးသတ်ကော လျှပ်စစ်ကော ရဲတပ်ဖွဲ့ကော ပူးပေါင်းပြီး အခု စစ်ဆေးနေတုန်းပါပဲ” လို့ ပြောပါတယ်။

ဂန္ဓမာကုန်တိုက် ညဘက်လုံခြုံရေးတာဝန်ကျ ၀န်ထမ်းက “မီးခိုးငွေ့ထွက်နေတာကို မြင်ရတော့ မီးသတ်ကို အကြောင်းကြားပါတယ်။ ၃ ထပ် Venus Garden အလှပြင်ဆိုင်မှာ လောင်တာပါ” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013