DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်ကလိုက်ဖမ်းစဉ် တိုက်ပေါ်မှ ခုန်ချသေဆုံးသွားခဲ့သည့် လူငယ်များ၏ အလောင်း ထုတ်ယူခွင့်မရ
DVB
·
August 11, 2021
စစ်ကောင်စီတပ်ကလိုက်ဖမ်းစဉ် တိုက်ပေါ်မှ ခုန်ချသေဆုံးသွားခဲ့သည့် လူငယ်များ၏ အလောင်း ထုတ်ယူခွင့်မရ
Donate to DVB

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းမှာ စစ်ကောင်စီတပ်တွေကလိုက်ဖမ်းစဉ် တိုက်ပေါ်က ခုန်ချသေဆုံးသွားတဲ့ လူငယ်တွေရဲ့ အလောင်းကို ပြန်လည်ထုတ်ယူခွင့်မရဘူးလို့  သေဆုံးသွားတဲ့ လူငယ် တစ်ယောက်ရဲ့  မိသားစုဝင်က ဒီဗွီဘီကိုပြောပါတယ်။

သြဂုတ် ၁၀ ရက် မနေ့ညနေပိုင်းက  ဗိုလ်တထောင်မြို့နယ်၊ ၆ ရပ်ကွက်၊ ၄၄ လမ်း အောက်ဘလောက်ရှိ  တိုက်ခန်းတစ််ခန်းကို စစ်ကောင်စီလက်နက်ကိုင်တပ်တွေက  အင်အားအလုံးအရင်းနဲ့ဝင်ရောက်ဖမ်းဆီးရာမှာ လူငယ်တွေ တိုက်ပေါ်ကနေ ထွက်ပြေး ခုန်ချခဲ့ ကြတာပါ။ 

ဒီဖြစ်စဉ်မှာ သေဆုံးသွားတဲ့ လူငယ် စုစုပေါင်း ၆ ဦးရှိပြီး  ၂ ဦးဒဏ်ရာရရှိတယ်လို့ သတင်းထွက်နေပေမဲ့  NUG အစိုးရရဲ့ PVTelevision ရုပ်သံလူမှုကွန်ရက်မှာတင်ထားတဲ့ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်အချင်းချင်း သတင်းပေးပို့နေတဲ့ အသံဖိုင်မှာတော့ ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးထွန်း ဦးဆောင်တဲ့အဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တာမှာ ခုန်ချထွက်ပြေးသွားသူ  ၃ ဦးသေဆုံးပြီး ၂ ဦး အခြေအနေမကောင်းတော့ ကြောင်းပြောကြားထားပါတယ်။   

“နောက်ပေါက်ကနေ ခုန်ချတာ။ အလွတ်ကြီးကို ခုန်ချသွားတာပါခင်ဗျ။ ဓာတ်ပုံလေးတွေ ဆရာစိန်လှိုင်ဝင်းကို ပို့ပေးထားပါတယ်ဗျာ။ အောက်ကိုခုန်ချတာ ကျား ၄ မ ၁  ပါခင်ဗျာ။ ဝင်ဖမ်းတာ ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးထွန်းနဲ့ပူးပေါင်းအဖွဲ့တွေပါဗျာ၊ ဗိုလ်တထောင်မြို့နယ်မှူး ပုဇွန်တောင်မြို့နယ်မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ။  အားလုံးကတော့ ၃ ယောက်ကတော့ မကောင်းဘူးတော့ဘူးဗျ။  ၂ ယောက်ကတော့ ငွေ့ငွေ့လေးပဲ။ အခုသိပ်တော့ မသေချာတော့ဘူးဗျ” လို့ လုံခြုံရေးတာဝန်ရှိသူတစ်ဦးက အထက်အရာရှိကို သတင်းပေးပို့ပြောဆိုသံကိုကြားရပါတယ်။

၄၄ လမ်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးမှု အခြေအနေကို   သေသေချာချာသိရဖို့ ဗိုလ်တထောင်ရဲစခန်းကို ဒီဗွီဘီက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဆိုခြင်းမရှိပါဘူး။ 

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေဆုံးသွားတဲ့ လူငယ်တစ်ဦးရဲ့ မိသားစုဝင်တစ်ဦးကတော့ “သူတို့တွေတိုက်ပေါ်ကပြုတ်ကျတော့ နှစ်ဦးကတော့ဆုံးသွားတယ်။ ကျန်တဲ့ကလေးတွေက ကျိုးပဲ့ကုန်ကျတာ။ မသေသေးတဲ့ကလေးတွေက ကူပါကယ်ပါ အော်နေတာကိုဘယ်သူမှ အကူအညီ မပေးနိုင်ခဲ့ဘူး။ နောက်ပြီး မသေသေးတဲ့ကလေးတွေကို စစ်ကောင်စီက အဲ့နားမှာပဲ ရိုက်နှက်နေတယ်။ မသေခင်ကယ်ကြပါဦးလို့တောင် အော်ခေါ်နေခဲ့တာ။ အခုလည်း Death body (အလောင်) ပြန်သယ်ခွင့်မပေးဘူး” လို့  ဒီဗွီဘီကို ပြောပါတယ်။

လိပ်စာအတိအကျနဲ့ သတင်းပေးလို့ လူငယ်တွေကို ပိတ်ပြီးဝင်ဖမ်းတာဖြစ်ပြီး ဒလန် လက်ချက်အတိအကျပဲလို့ မြို့နယ်သပိတ်ခေါင်းဆောင်တစ်ဦးကလည်း ပြောပါတယ်။

ခုလို လူငယ်တွေ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရတာနဲ့ ပတ်သက်ပြီး ဆန္ဒပြလူငယ်တစ်ဦးက“ဒီလုပ်ရပ်ကို ကျနော်တို့ ဘယ်တော့မှမေ့မှာ မဟုတ်ပါဘူး။ ကျနော်တို့ ရဲဘော်ရဲဘက်တွေ သေသလို သူတို့ဘက်က သွေးကြေးပြန်ဆပ်ဖို့ ပြင်ဆင်ထားပါလို့ပဲ ကျနော်ပြောချင်တယ်”လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ လူငယ်တွေရဲ့ ရုပ်အလောင်းတွေကို မိသားစုတွေက ပြန်တောင်းတာ မရတဲ့အတွက်  သင်္ဂြိုဟ်ဖို့ကိစ္စအတွက် စစ်ကောင်စီကပဲ ဆက်လက်လုပ်ဆောင်နိုင်ဖွယ်ရှိတယ်လို့လည်း မိသားစုဝင် တစ်ဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013