DVB Logo
Home
မြန်မာသတင်း
ရေးမြို့တွင် ပြည်သူ့စစ်နှင့် အမည်မသိ လက်နက်ကိုင်အဖွဲ့တို့ ပစ်ခတ်မှုဖြစ်
DVB
·
August 10, 2021
ရေးမြို့တွင် ပြည်သူ့စစ်နှင့် အမည်မသိ လက်နက်ကိုင်အဖွဲ့တို့ ပစ်ခတ်မှုဖြစ်
1 / 2
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ် တောင်ဘုံရွာအနီးမှာ ကျေးရွာပြည်သူ့စစ်အဖွဲ့နဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တို့ သြဂုတ် ၈ ရက်နေ့က မွန်းလွဲပိုင်းလောက်မှာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုန်းမောင်စိန်တောရ​ကျောင်းသွားလမ်းဘေးရှိ လူမနေတဲ့ ရာဘာခြံဟောင်းမှာ ပိုင်ရှင်မဲ့မော်တော်ယာဥ်နှစ်စီးကို ခြံပိုင်ရှင်နဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၄ ဦးတို့ သွားရောက်ကြည့်ရှု စစ်ဆေးနေတဲ့အချိန်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့ ပြောက်ကျားဝတ် ၃ ဦးက လာရောက်ပစ်ခတ်ခဲ့တာလို့ အမည်မဖော်လိုသူတဲ့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။

“ကိုက် ၂ဝဝ လောက်ရှိတဲ့ တဖက်တောထဲကနေ လက်နက်ငယ် နဲ့ ၆ ချက်စတင်ပစ်ခတ်ခဲ့တယ်။ ပြည်သူ့စစ်က ပြန်ပစ်တယ်။ ဒဏ်ရာတော့မရကြဘူး။ ပြီးတော့ အမည်မသိ လက်နက်ကိုင်သူတွေက ဆုတ်ခွာထွက်သွားခဲ့တယ်” လို့ ပြောပါတယ်။

ဒီနောက် ပြောက်ကျားဝတ် ၃ ဦးဟာ လမ်းမှာ မောင်းလာတဲ့ ဆိုင်ကယ်တစီးအား သေနတ်ပြ တားဆီးယူဆောင်ပြီး တောလမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

ပိုင်ရှင်မဲ့ ယာဉ်နှစ်စီးပေါ်မှာတော့ လက်လုပ်ဗုံး ၂ လုံး၊ ခေါင်းစွပ်၊ ပုခက်နဲ့ အဝတ်အစားတွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အခုဖြစ်စဉ်နဲ့ပက်သက်ပြီး ရေးမြို့ PDF ဘက်က ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပေမယ် ဒီရက်ပိုင်းကစတင်ပြီး ပြောက်ကျားစနစ်နဲ့ စစ်ဆင်ရေးလုပ်ဆောင်သွားမယ်လို့ ပြည်သူတွေကို အသိပေး ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013