DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ် အဆက်မပြတ်ထိုးစစ်ဆင်မှုကြောင့် ဖရူဆိုနှင့်ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား
DVB
·
August 10, 2021
စစ်ကောင်စီတပ် အဆက်မပြတ်ထိုးစစ်ဆင်မှုကြောင့် ဖရူဆိုနှင့်ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား
Donate to DVB

ကယားပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အဆက်မပြတ် ထိုးစစ်ဆင်မှု ကြောင့် ဩဂုတ် ၉ ရက်နေ့ တရက်တည်း ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒိုမိုခိုကျေးရွာနဲ့ ဘီယာကျေးရွာအကြားမှာ စစ်ကောင်စီတပ်က အင်အား ၃၀၀ လောက်ရှိတဲ့ စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်လာတာကို ကရင်နီ ပူးပေါင်းတပ်တွေက  ခုခံတိုက်ခိုက်ခဲ့ပြီး နေ့လယ် ၂ နာရီလောက်မှာ တစ်ကြိမ်၊ ညနေ ၅ နာရီခွဲမှာ တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ဖယ်ခုံမြို့နယ် ခေါင်းအိနဲ့ လဝဲကျေးရွာအနီးမှာ ပင်လောင်းဘက်ကနေ စစ်ကြောင်း ချီလာတဲ့ စစ်ကောင်စီတပ်ကို KNDF က ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့အတွက် ညနေ ၅ နာရီခွဲမှာ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဖော်ပြပါတယ်။

ဩဂုတ်လ ၈ ရက်နေ့ကလည်း ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဆယ်ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရေရသူတွေလည်း ရှိတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

အခုရက်ပိုင်း စစ်ကောင်စီတပ်ဘက်က ကယားပြည်နယ်အတွင်း အင်အားအများအပြား ဖြည့်တင်းနေတဲ့အတွက် ကရင်နီပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေလည်း ဘေးလွှတ်ရာကို ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013