DVB Logo
Home
မြန်မာသတင်း
သန်းခေါင်းစာရင်းတွင် မျိုးနွယ်စုမခွဲဘဲ ကရင်ဟုထည့်ရန် ကေအန်ယူတိုက်တွန်း
DVB
·
December 9, 2013
သန်းခေါင်းစာရင်းတွင် မျိုးနွယ်စုမခွဲဘဲ ကရင်ဟုထည့်ရန် ကေအန်ယူတိုက်တွန်း
Donate to DVB

ကရင်တိုင်းရင်းသားတွေရဲ့ လူဦးရေစာရင်း အမှန်သိရဖို့ လာမယ့်နှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းမှာ ကရင်တိုင်းရင်းသားတွေအနေနဲ့ မျိုးနွယ်စုတွေမခွဲခြားဘဲ ကရင်တိုင်းရင်း သားလို့ပဲ စာရင်းပေးကြဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က တိုက်တွန်းလိုက်ပါ တယ်။

ကရင်ပြည်နယ်၊ ဘားအံခရိုင်မှာ ဒီဇင်ဘာ ၂ ရက်ကနေ ၇ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပခဲ့တဲ့ ကေအန်ယူ ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးအတွင်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်ရေး ဆွေးနွေးသုံးသပ်သလို အစိုးရက ဆောာင်ရွက်ဖို့ရှိနေတဲ့ ၂၀၁၄ ပြည် လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံမှုနဲ့ ပတ်သက်ပြီးလည်း အသေးစိတ်ဆွေးနွေးခဲ့ကြတာပါ။

cardကေအန်ယူထိန်းချုပ်နယ်မြေအတွင်း သန်းခေါင်စာရင်း ကောက်ခံရာမှာ လူမျိုးကို မျိုးနွယ်စု အလိုက် မခွဲခြားဘဲ ကရင်တိုင်းရင်းသားလို့သာ ထည့်သွင်းဖို့လိုကြောင်း ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ ကေအန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

“သန်းခေါင်စာရင်းကောက်ယူတာနဲ့ ပတ်သက်ပြီး ကေအန်ယူ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာ ကျနော်တို့ အဖွဲ့အစည်းက တာဝန်ယူပြီးတော့ အဲဒီမှာ ကောက်ခံမယ့် ပုဂ္ဂိုလ်တွေကို ရွေးချယ်ဖို့အတွက် ကျနော်တို့ အဲဒီလိုတော့ ရွေးတယ်။ ဘာလို့လဲဆိုတော့ စာရင်းကောက်ယူတဲ့နေရာမှာ လူမျိုးနဲ့ ပတ်သက်တာကို တိတိကျကျ စာရင်း ရရှိဖို့အတွက်ပေါ့ နော်။ နောက်ပြီးတော့ မျိုးနွယ်စုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အဲဒီလို မထည့်သင့်ဘူးလို့ မြင်တယ်။ ကရင်ဆိုလည်း ကရင်လူမျိုးတမျိုးတည်းကို စာရင်းထဲ ထည့်လိုက်ရင် လူမျိုးရဲ့ လူဦးရေ စာရင်းကို တိတိကျကျ ရနိုင်မယ့် အနေအထားရှိတာပေါ့နော်။”

ကရင်ပြည်သူ့ပါတီကလည်း ကရင်ပြည်သူလူထုကို ကိုယ့်မှတ်ပုံတင်မှာ ကရင်လူမျိုး အမည်ပေါက်ဖို့ စာစောင်တွေကနေတဆင့် အသိပေး လှုံ့ဆော်မှုတွေ လုပ်နေသလို ဧရာဝတီတိုင်းအတွင်း သန်းခေါင်စာရင်းကောက်ခံရာမှာ ပါတီအနေနဲ့ ပါဝင်ကူညီဖို့ ဧရာဝတီတိုင်း ၀န်ကြီးချုပ်ဆီ တင်ပြထားတယ်လို့ ပြောပါတယ်။

ကရင်ပြည်သူ့ပါတီ ဒု-ဥက္ကဋ္ဌ စောစေးဝါးက “ဧရာဝတီမှာဆိုလည်း သန်းခေါင်စာရင်းကောက်တဲ့အခါမှာ ပါတီကနေ ၀င်ပြီးတော့ ပါဝင်ကူညီမယ့်အကြောင်း ၀န်ကြီးချုပ်ဆီ တင်ထားပါတယ်။ အခြားဒေသတွေမှာလည်း သူတို့ရဲ့ စာပေယဉ်ကျေးမှုကို အခြေခံပြီးတော့ ကောက်တာပြုတာလည်း ရှိပါတယ်။ ပထမဦးဆုံးမှာ ယောက်ကျားလေးဆို စောပေါ့နော်။ မိန်းကလေးဆိုရင် နော်ထည့်ဖို့အတွက် ပြောထားတယ်။ ဦးတွေဘာတွေ မထည့်ဖို့လေ။ ဦးထည့်လိုက်ရင် အဓိပ္ပာယ် တမျိုးဖြစ်သွားစိုးလို့ စောတွေ နော်တွေပဲ ထည့်ခိုင်းထားတယ်။ မြစ်ဝကျွန်းပေါ်မှာက လူကြီးပိုင်းဆိုရင် မန်းပေါ့နော်။ လူငယ်ပိုင်းဆိုရင် စ လို့ အဲဒါလေးတွေ ဂရုစိုက်ပြီး ထည့်ပါ။ ဦးတွေ ဒေါ်တွေ မထည့်ဖို့ ကျနော်တို့ အသိပေးထားတယ်။ နောက်တခါ ကရင်အမျိုးသားဗုဒ္ဓဘာသာ မြန်မာလို့ မထည့်ဖို့ ကျနော်တို့ ပြောထားတယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ်အခြေစိုက် ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီအနေနဲ့ကလည်း ကရင်ပြည်နယ် မြ၀တီခရိုင်မှာ မှတ်ပုံတင်မရှိသေးတဲ့ ပြည်သူတွေကို မှတ်ပုံတင်လုပ်ပေးဖို့ နော်ဝေးဒုက္ခသည် ကော်မတီနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဌာနတို့နဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေသလို တချို့ရွာတွေမှာ မှတ်ပုံတင်တွေ စတင်ထုတ်ပေးနေပြီလို့ ပါတီရဲ့ ဒုဥက္ကဋ္ဌ စောအောင်ပြည်စိုးက ဒီဗွီဘီကိုပြောပါတယ်။

ကရင်တိုင်းရင်းသားတွေနည်းတူ ချင်း၊ ကချင်၊ မွန် ၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေကလည်း သက်ဆိုင်ရာ လူမျိုးအလိုက် လူဦးရေးစာရင်း အမှန်ရရှိရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားရေးရာ အမတ်နေရာတွေ လွှတ်တော်မှာ ပိုမိုရရှိဖို့အတွက် လူထုကို ပညာပေး စည်းရုံးလှုပ်ရှားမှုတွေ ဆောင်ရွက်နေပါတယ်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမှုကို နိုင်ငံတ၀န်းမှာ ၂၀၁၄ မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့အထိ ၁၁ ရက်အကြာ ပြုလုပ်သွားဖို့ရှိပြီး နိုင်ငံတော်က သတ်မှတ်ထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးကို အခြေခံပြီး ကောက်ယူသွားမယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန (လ၀က) ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က မီဒီယာတွေ ကို ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013