DVB Logo
Home
မြန်မာသတင်း
KPay နှင့်ဘဏ်အကောင့်အချို့ပိတ်ခံရပြီးနောက် KBZ ဘဏ်အဆင့်သတ်မှတ်ချက်ကျဆင်း
DVB
·
August 9, 2021
KPay နှင့်ဘဏ်အကောင့်အချို့ပိတ်ခံရပြီးနောက်  KBZ ဘဏ်အဆင့်သတ်မှတ်ချက်ကျဆင်း
Donate to DVB

မြန်မာပြည်တွင်း အကူအညီလိုအပ်နေတဲ့ပြည်သူတွေအတွက် အလှူခံပေးသူတွေရဲ့KPay အကောင့်နဲ့ KBZ ဘဏ်အကောင့်တချို့ကိုKBZ ဘဏ်က  ထိန်းချုပ်ပိတ်ထားလိုက်ပြီးတဲ့ နောက်မှာ Google PlayStore နဲ့ iOS Appstore တွေမှာ KBZ Pay ရဲ့ rating တွေဟာ ရက်ပိုင်းအတွင်းမှာ သိသိသာသာ ကျဆင်းသွားပါတယ်။ 

အရင်က Rating 4 အထက်မှာရှိခဲ့တဲ့ KPay ဟာ Google Playstore မှာ Rating 1.1 ပဲ ရှိတော့သလို iOS Appstore မှာတော့ Rating 3 ရှိနေပါသေးတယ်။ 

အခုလို Rating လျော့ကျတာဟာ အထွေအထူး သိသိသာသာဘဏ်ကို မထိခိုက်ပေမဲ့ အဲဒီလို လျော့ကျတဲ့ Negative Review တွေဟာ အသုံးပြုသူတွေရဲ့ အသံတွေကို ကိုယ်စားပြုတဲ့သဘော ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ စစ်ဘေးရှောင်တွေ၊ CDM တွေနဲ့  ပရဟိတလုပ်ငန်းတွေကို လှူဒါန်းနေတဲ့ KPay၊ Wave Money ၊ KBZ ဘဏ်အသုံးပြုသူတချို့ရဲ့ အကောင့်တွေ ပိတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ကျပ်သိန်းထောင်ချီရှိနေတဲ့ ဘဏ်အကောင့်တချို့လည်း အပိတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒီလို အကောင့်တွေ အပိတ်ခံရပြီးတဲ့နောက်မှာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ၊ ဘဏ်အသုံးပြုသူတွေဟာ KBZ Pay ကို Rating ကျစေဖို့ Appstore တွေမှာ ကြယ်ပွင့်တစ်ပွင့်ပဲ ပေးတာ၊ KBZ ဘဏ်ကို စစ်ကောင်စီက ထိန်းချုပ်ထားကြောင်း၊ မယုံကြည်ရကြောင်း မှတ်ချက်ရေးတာတွေ လုပ်လာကြတာကို တွေ့ရပါတယ်။ 

အခုလက်ရှိ Google Playstore က KBZ Pay ရဲ့ အောက်မှာ မှတ်ချက်ရေးသားသူပေါင်း လေးသောင်းကျော်ရှိနေပါတယ်။  KBZ ဘဏ်ဟာ ပြည်တွင်း ဘဏ်လုပ်ငန်းဈေးကွက်မှာ ဈေးကွက် ဝေစု ၄၀ ရာခိုင်နှုန်းကျော်ရရှိထားတဲ့ ပုဂ္ဂလိကဘဏ်တစ်ခုလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013